ထိုင်းနိုင်ငံ Pathumthani (ပဒုံဌာနီ) University (PTU) နဲ့  ပူးပေါင်းဖွင့်လှစ်ထားတဲ့ Myanmar Creative Institute သင်တန်းကျောင်းရဲ့ ဒုတိယအကြိမ်မြောက် Level-1 အောင်လက်မှတ်ချီးမြှင့်ပွဲအခမ်းအနားကို သြဂုတ်လ(၅)ရက်က ရန်ကုန်မြို့ Central Hotel မှာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီအခမ်းအနားမှာတော့ Basic Mechanical Engineering ၊ Basic Civil Engineering နဲ့ Acadamic English တို့ကို ဖြေဆိုအောင်မြင်ခဲ့တဲ့ သင်တန်းသား သင်တန်းသူ စုစုပေါင်း(၂၃၄)ယောက်ကို သင်တန်းဆင်းလက်မှတ်ချီးမြှင့်ပေးခဲ့တာ ဖြစ်ပါတယ်။ Myanmar Creative Institute သင်တန်းကျောင်းကို တက္ကသိုလ်ဝင်တန်းဖြေဆိုအောင်မြင်ခြင်း မရှိသေးတဲ့ ကျောင်းသား ကျောင်းသူ လူငယ်တွေအတွက် ပညာရေးလမ်းကြောင်းရှာဖွေနိုင်တဲ့ အခွင့်အလမ်းတစ်ခုအဖြစ် ရည်ရွယ်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး၊ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများသာမက တက္ကသိုလ်ဝင်ခွင့် ဖြေဆိုအောင်မြင်ခြင်းမရှိသူများနဲ့ အခြေခံပညာ အထက်တန်း ပြီးမြောက်ကြောင်းလက်မှတ်ရရှိထားသူများလည်း ဝင်ခွင့်ဖြေဆိုတက်ရောက်နိုင်တယ်လို့ သိရပါတယ်။

Myanmar Creative Institute (M.C.I)ကို ၂၀၁၆ ခုနှစ်က SHM Group of Company ရဲ့ ပညာရေးဝန်ဆောင်မှုအဖြစ် မှတ်ပုံတင်ကာ စတင်တည်ထောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ Myanmar Creative Institute Level-1 ရဲ့ ပထမအကြိမ် အောင်လက်မှတ်ချီးမြှင့်ခြင်းအခမ်းအနားကိုတော့ 2017 ခုနှစ် ၂လပိုင်းကကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး၊ ပထမအကြိမ်အဖြစ် ကျောင်းသား ကျောင်းသူအယောက်(၁၀၀)ကျော်ကို လက်မှတ်ချီးမြှင့်ပေးအပ်နိုင်တာဖြစ်တယ်လို့ သိရပါတယ်။ 

 

 

 

Related News