ရန်ကုန်တိုင်းဒေသကြီးသံဃနာယကအဖွဲ့ဥက္ကဌဆရာတော် ဦးဆောင်မှုဖြင့် သက်ကြီးပူဇော်ပွဲ နဲ့ ကျောင်းသား/ ကျောင်းသူ ၂၈၀၀ကျော်ကို ကျောင်းသုံးပစ္စည်းများ ၊  ပညာသင်စရိတ်များ ထောက်ပံ့ပေးအပ်လှူဒါန်းပွဲကို သြဂုတ်လ (၅)ရက် က စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်၊ လက်ပံစံပြကျေးရွာမှာပြုလုပ်ခဲ့ပါတယ်။ 

အခုပြုလုပ်တဲ့လှူဒါန်းမှုကို ရန်ကုန်တိုင်းဒေသကြီးသံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာဘဒ္ဒ န္တဣဒ္ဓိဗလ ဦးဆောင်မှုသြဝါဒဖြင့် ရွှေဗျိုင်းဖြူကုမ္ပဏီလီမိတက်မိသားစုတို့ကလှူဒါန်းတာဖြစ်ပါတယ်။ ဒီလှူဒါန်းမှုကိုစစ်ကိုင်း တိုင်းဒေသကြီး၊ မြင်းမူမြို့နယ်အတွင်းက အသက်(၈၀)အထက် ဆရာတော်ကြီးတွေ၊ အဘိုးအဘွားတွေ နဲ့ ကျောင်သား/ကျောင်းသူ၊ ဆရာ/ဆရာမတွေအတွက် သာသနာရေး နဲ့ ပညာရေးအတွက် ရည်ရွယ်ပြီး ထောက်ပံ့ လှူဒါန်းတာဖြစ်တယ်လို့သိရပါတယ်။

ဒီလှူဒါန်းပွဲမှာ မြင်းမူမြို့နယ်က ပင့်သံဃာတော် ၂၁၆ ပါးကိုဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းတာ၊ အသက်(၈၀)အ ထက်ဆရာတော်ကြီးတွေ နဲ့ အဘိုးအဘွား ၈၀၁ ဦးကို ကန်တော့ပစ္စည်းများ လှုဒါန်းပြီး ရှိခိုးပူဇော်ကန်တော့ကာ သက်ကြီးပူဇော်ပွဲကိုပြုလုပ်တာဖြစ်ပါတယ်။ ဒါ့အပြင်  မြင်းမူမြို့နယ်အတွင်းက ကျေးရွာပေါင်း ၂၂ ရွာက ကျောင်းသား/ကျောင်းသူ ၂၈၈၆ ဦးနဲ့ ဆရာ/ဆရာမ ၁၈၆ ဦးကိုကျောင်းဝတ်စုံ၊စာ အုပ်၊ ခဲတံ၊ ဘောပင်၊ စတီးချိုင့်၊ ဦးထုပ်၊ အိတ်နဲ့ ပညာသင်စရိတ်များ ထောက်ပံ့လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီးသံဃနာယကအဖွဲ့ဥက္ကဌဆရာတော်ကြီး အနေနဲ့ ပြည်တွင်း/ပြည်ပ သာသနာရေး တာဝန်များဆောင်ရွက် နေသလို ကျေးလက်ဒေသတွေအတွက် အခုလိုသာသနာရေး၊ ကျန်းမာရေး၊ ပညာရေးထောက်ပံ့လှူဒါန်းမှုတွေကို ဦးဆောင်ဆောင်ရွက်ပေးနတယ်လို့သိရပါတယ်။ 

 

 

Related News