(၂၀၁၈)ခုနှစ် ဇူလိုင်လ(13)ရက် မှာယှဉ်ပြိုင်ခဲ့တဲ့ ကိုရီးယားနိုင်ငံ ကမ္ဘာ့သချာင်္ဖိတ်ခေါ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြုသွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ကျောင်းသားတွေထဲမှာ ပထမဆုံးအကြိမ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ တတိယတန်းကျောင်းသားက ကြေးတံဆိပ်ဆုရရှိခဲ့ပါတယ်။ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာကျင်းပခဲ့တဲ့ World Mathematics  Invitational Final ပြိုင်ပွဲက KG တန်းကနေ တက္ကသိုလ်ဝင်တန်းအထိ တစ်ကမ္ဘာလုံးမှာရှိတဲ့ ကျောင်းသားကျောင်းသူတွေကို ဖိတ်ခေါ်ပြိုင်တဲ့ပြိုင်ပွဲဖြစ်ပါတယ်။

ဒီသချာင်္ပြိုင်ပွဲကိုတော့မြန်မာနိုင်ငံက ကျောင်းသားကျောင်းသူ (၂၄)ယောက်ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ဒီထဲက (၃)တန်းကျောင်းသားဖြစ်တဲ့ ဇွဲမာန်မြတ်သူဝင်းတို့က ကြေးတံဆိပ်ဆုကိုရရှိခဲ့သူတစ်ဦးပါ။မောင်ဇွဲမာန်မြတ်သူဝင်း လိုဘဲ ဒီပြိုင်ပွဲမှာ ယှဉ်ပြိုင်ခဲ့တဲ့ (၆)တန်းကျောင်းသားတစ်ဦးဖြစ်တဲ့ မောင်မိုးမြင့်မြတ်သူဝင်းကလည်း ငွေတံဆိပ်ဆုကို ဆွတ်ခူးနိုင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ဆုတံဆိပ်ရရှိခဲ့တဲ့ ကျောင်းသားနှစ်ဦးကို မိခင်ဖြစ်တဲ့ ဒေါ်ဖြိုးကြည်လတ်က ပြိုင်ပွဲအတွက် ပြင်ဆင်ပေးမှုအပိုင်းတွေကိုလည်း အခုလိုဘဲပြောပါတယ်။

လက်ရှိမှာတော့ ကျောင်းသား(၂)ယောက်စလုံးဟာ ကမာရွတ် TTC ကျောင်းမှာ (၆)တန်းနဲ့  (၃)တန်းကို တက်ရောက်နေတာဖြစ်ပြီး ငွေတံဆိပ်ဆုရရှိခဲ့တဲ့ သူကတော့ နိုင်ငံတကာသချာင်္ပြိုင်ပွဲတွေကို ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့(၄)ကြိမ်မြောက်ရှိပြီး ကြေးတံဆိပ်ဆုရရှိခဲ့တဲ့ သူကတော့ နိုင်ငံတကာသချာင်္ပြိုင်ပွဲကို ပထမအကြိမ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ 

 

 

 

 

Related News