နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေသခံပြည်သူများစကားဝိုင်းကို ၂၀၁၈ ခုနှစ် သြဂုတ်လ(၉)ရက် မနက်ပိုင်းက မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်၊ ချောက်ကန်ကျေးရွာမှာ ပြုလုပ်ခဲ့ပါတယ်။ ဒီစကားဝိုင်းမှာ ဒေသခံပြည်သူများဖြစ်တဲ့ နည်းပညာတက္ကသိုလ် တတိယနှစ်ကျောင်းသူ မဖြိုးသီရိလွင်က  ၊ ယာဉ်လိုင်းဥက္ကဋ္ဌ ဦးကျော်နိုင်က အလုပ်အကိုင်အခွင့်အလမ်း ၊ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး၊ ကျန်းမာရေး ၊ ပခုက္ကူတက္ကသိုလ် မဟာပထမနှစ်ကျောင်းသူ မယမုံဖြိုးက အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ၊ ကိုင်းကျေးရွာတောင်သူ ဦးသက်ခိုင်က ငြိမ်းချမ်းရေးနှင့် စိုက်ပျိုးရေးပတ်သတ်မှု၊ပညာရေးကောလိပ် ဒုတိယနှစ်ကျောင်းသူ မအိစံပယ်ဖြိုးက ပညာရေးနှင့် ငြိမ်းချမ်းရေး ၊အရောင်းအ၀ယ်လုပ်ကိုင်သူ ဦးမြင့်ဝင်းက ငြိမ်းချမ်းရေးနှင့် စီးပွားရေး ၊ပခုက္ကူတက္ကသိုလ်၊ ဂုဏ်ထူးတန်းပထမနှစ်ကျောင်းသူ မခိုင်သဇင်အောင်က ငြိမ်းချမ်းရေးအတွက် အားလုံးပါဝင်ရေး ၊ ခေါင်းဆောင်နှင့် ငြိမ်းချမ်းရေး ၊ လူငယ်နှင့် ငြိမ်းချမ်းရေး၊နည်းပညာတက္ကသိုလ် ဒုတိယနှစ်ကျောင်းသား မောင်ဇေယျာမင်းက ငြိမ်းချမ်းရေးနှင့် လူမှုဘ၀ဖွံဖြိုးတိုးတက်ရေး၊စတဲ့အကြောင်းအရာများကိုဆွေးနွေးခဲ့ကြတာပါ။

ဆွေးနွေးမှုတွေအပေါ်မှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး အခမ်းအနားကို တက်ရောက်ကြတဲ့ ပြည်သူတွေရဲ့ ဆွေးနွေးမေးမြန်းချက်တွေနဲ့ Online ကနေ ပြည်သူတွေရဲ့ ဆွေးနွေးမေးမြန်းချက်တွေ ကိုလည်း ပြန်လည်ရှင်းလင်းဆွေးနွေးဖြေကြားခဲ့ပါတယ်။ဒေသခံပြည်သူများ စကားဝိုင်းကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ပြည်ထောင်စုဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ၀န်ကြီးချုပ်နဲ့ဝန်ကြီးများ၊ ဒေသခံပြည်သူများတက်ရောက်ခဲ့ကြပါတယ်။

 

 

 

Related News