ပန်းဆယ်မျိုးထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ ပန်းထိမ်ပညာကို အသုံးပြုပြီး ပြုလုပ်ထားတဲ့ ကြေးထည်ပစ္စည်းတွေကို မပျောက်ပျက်အောင် ဆောင်ရွက်နေသလို ဈေးကွက်မှာလည်း ဈေးကွက်ဝင် အောင်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ကြေးထည်ပစ္စည်းတစ်ခုပြုလုပ်ဖို့အတွက် လူအနည်းဆုံးသုံးဦးနဲ့ ဆောင်ရွက်ရတာဖြစ်ပြီး ကြေးပြား အရွယ်အစားတစ်ခုအပေါ်မှာ ကောက်ဆောက်ထွင်းပြီး လိုချင်တဲ့ ပုံပေါ်အောင် ဆောင်ရွက်ရတာ ဖြစ်ပါတယ်။ ကြေးထည်ပစ္စည်းတစ်ခုကို ရဖို့အတွက် လုပ်ဆောင်ရတဲ့ အဆင့်တွေရှိ သလို ကြေးထည်ပစ္စည်းရရှိဖို့ အချိန် နှစ်ရက်လောက် အနည်းဆုံးယူရပါတယ်။

ကြေးထည်ကို အသုံးပြုပြီး အများဆုံးပြုလုပ်တာကတော့ ကြေးဖောင်းကြွပန်းချီကား၊ ကြေးထည် ဆွမ်းအုပ်၊ အလှဆင်ရာမှာ ထားရှိနိုင်မယ့် အရွယ်အစားကြီးမားတဲ့ တိရစ္ဆာန်ပုံတွေကို အများဆုံး ထုလုပ်ရတယ်လို့ ပြောပါတယ်။ ကြေးထည်ကို ပြုလုပ်ရာမှာ အရောင်မျိုးစုံကို ပြောင်းပြီး အသုံးပြုထုလုပ်နိုင်သေးတယ်လို့ ကြေးထည်လုပ်ငန်းဆောင်ရွက်နေတဲ့ ဦးသာဓုက ပြောပါတယ်။ 

လုပ်ငန်းစတင်လုပ်ဆောင်စဉ်က ပန်းထိမ်ပညာကို သင်ယူရတာ ခက်ခဲတာတွေနဲ့ ငွေကြေးရရှိမှု နည်းပါးတာတွေကြောင့် အလုပ်သမားအခက်အခဲရှိခဲ့ပေမဲ့ အခုနောက်ပိုင်းမှာတော့ လုပ်ငန်းလည်ပတ်မှု အဆင်ပြေလာတာကြောင့် အလုပ်သမားတွေ ကလည်း စိတ်ဝင်စားမှုတွေ ရှိလာတယ်လို့ ကြေးထည်လုပ်ငန်းမှာ လုပ်ကိုင်နေတဲ့ ကိုဘရန်အောင်က ပြောပါတယ်။ကြေးထည်ပစ္စည်းတွေကိုတော့ နိုင်ငံတော်အဆင့်လက်ဆောင်ပဏ္ဏာတွေပေးတဲ့နေရာမှာ အသုံးပြုသလို အထင်ကရ နေရာတွေမှာ အလှပြထားရှိတဲ့ အထိ အသုံးပြုကြတာလည်း ဖြစ်ပါတယ်။

 

 

 

Related News