ယခုတစ်ပတ်မန္တလေးပဲဈေးကွက်မှာ ဈေးတည်ငြိမ်နေပေမယ့် ကုလားပဲအမျိုးအစား၊ ပဲတီစိမ်းနဲ့ ပြည်တွင်းသုံးပဲအချို့အရောင်းအဝယ်ဖြစ်နေတယ်လို့မန္တလေးကုန်စည်ဒိုင်ကသိရပါတယ်။ယခုတစ်ပတ် မန္တလေးပဲဈေးကွက်မှာ ဝယ်လိုအားရောင်းလိုအားမျှပြီး ပဲအရောင်းအဝယ်ဖြစ်နေတယ်လို့သိရပါ တယ်။ ပဲအမျိုးအစားအားလုံးထဲက ကုလားပဲအုပ်စုက အဓိက အရောင်းအဝယ်နေဖြစ်တယ်လို့ ဆိုပါတယ်။

ကုလားပဲအုပ်စုထဲမှာ ထိုင်ဝမ်၊ V2၊ V7၊ 929 ကုလားပဲအးအစားတွေအရောင်း အဝယ်ဖြစ်နေပြီး ထိုင်ဝမ်ကုလားပဲအမျိုးအစားကိုတော့ တရုတ်ပြည်ကို တင်ပို့နေတယ်လို့သိရပါတယ်။ ဈေးနှုန်းအနေနဲ့ ထိုင်ဝမ်ကုလားပဲ အမျိုးအစားဟာ ယခုနှစ် (၆)လပိုင်းဝန်းကျင်က (၃)တင်းဝင်တစ်အိတ်ကို ကျပ်(၅၉၀၀၀) ဝန်းကျင် ရှိခဲ့ရာက ယခု(၈)လပိုင်းထဲမှာ ကျပ်(၇၅၀၀၀)ဝန်းကျင်ထိ တက်လာကာ လက်ရှိ ဒီဈေးနှုန်းနဲ့ တည်ငြိမ်နေပြီး အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။

ကျန်ကုလားပဲဈေးနှုန်းတွေအနေနဲ့ သြဂုတ် (၇)ရက်က ကုလားပဲ V2 နဲ့ ကုလားပဲ 929 အမျိုးအစား က (၃)တင်းဝင်တစ်အိတ်ကို (၇၂၀၀၀)ကျပ်ဈေး၊ V7 ကုလားပဲအဖြူလုံးကြီးက (၈၂၀၀၀)ကျပ်ဈေး ဝန်းကျင်နဲ့ အရောင်းအဝယ် ဖြစ်နေတယ်လို့ သိရပါတယ်။ 

 အခုလက်ရှိ ပဲတီ စိမ်းကဈေးမှာ ၃တင်းဝင်တစ်အိတ် ကို (၉၀၀၀၀)ကျပ် ဝန်းကျင်နဲ့အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။ မြေပဲလုံးဆန်ကို (၁)နှစ် ပတ်လုံးယူနန်ပြည်နယ်ကဝယ်ယူပြီးပစ္စည်းလက်ကျန်ကုန်တဲ့အထိဖြစ်လို့ အဝယ်ရပ်သလောက်နီးပါးဖြစ်သွား ပြီလို့သိရပါတယ်။

မတ်ပဲနဲ့ပဲတီစိမ်းက အန္ဒိယ ဘက်က ပြန်လည်ဝယ်ယူဖို့ထုတ်ပြန်တဲ့ မေလကုန်ဝန်းကျင်ရက် ပိုင်း ကသာဈေး နှုန်းအနည်းငယ်တက်ခဲ့ပြီး အခုလက်ရှိအချိန်ထိမဝယ်ယူသေးတာကြောင့် နောက်ပိုင်း ဈေးပြန်ကျလာတယ် လို့သိရ ပါတယ်။ သြဂုတ်(၇)ရက်က မတ်ပဲ နဲ့ ပဲစင်းငုံ ဈေးက(၃)တင်းဝင်တစ်အိတ်ကို (၄)သောင်းကျပ်ဝန်းကျင်ဖြစ်တယ်လို့သိရပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာတော့ ပြည်တွင်းသုံးလက်ကျန်ပဲတွေကနည်းသွားပြီဖြစ်ပြီး လာမယ့်နှစ်အတွက် ထောပတ်ပဲ၊ မြေတောက်ပဲ၊ ပဲယင်း၊ ပဲနီပြား၊ ပဲလိပ်ပြာ စတဲ့ပြည်တွင်းသုံးပဲအမျိုးအစားတွေဟာ အရောင်းအ၀ယ်ကောင်းလာနိုင်တယ်လို့ သိရပါတယ်။

 

 

Related News