၂၀၁၈ ခုနှစ် ဇွန်လကုန်ထိ  နိုင်ငံခြားသားခရီးသွား ၂သိန်း ကျော်ဝင်ရောက်ထားတယ်လို့ မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူထံမှ သိရပါတယ်။၂၀၁၈ ခုနှစ် ဇွန်လကုန်အထိ မန္တလေးတိုင်းဒေသကြီးကို နိုင်ငံခြားခရီးသွား၂သိန်း၃ သောင်းကျော် လာရောက်လည်ပတ်ထားတာ ဖြစ်ပါတယ်။ ခရီးသွား အများစုကတော့ တရုတ်နိုင်ငံမှ ဖြစ်ပြီး ပြင်သစ်၊ ထိုင်း၊ ဂျာမနီ၊ အမေရိကန်၊ အီတလီ၊ ဂျပန် နဲ့ ကိုရီးယားစတဲ့နိုင်ငံတွေမှလည်း လာရောက်တာကြလို့ သိရပါတယ်။ နိုင်ငံခြားသားခရီးသွားဧည့်သည် အများစုကတော့ မန္တလေးတောင်၊ ကျုံးမြို့ရိုး၊ မြနန်းစံကျော်ရွှေနန်းတော်၊မဟာမုနိဘုရားကြီး၊ ဗားကရာကျောင်းတော်၊ ဦးပိန်တံတားနဲ့  မင်းကွန်းခေါင်းလောင်းကြီးကို သွားရောက်လေ့လာလည်ပတ်ကြတယ် လို့သိရပါတယ်။

မန္တလေးတိုင်းဒေသကြီးအတွင်း နိုင်ငံခြားသားခရီးသွားဝင်ရောက်မှုဟာ ပြီးခဲ့တဲ့နှစ် ကာလတူနဲ့ နှိုင်းယှဉ်ရင်တော့ ဖေဖော်ဝါရီ၊ မတ်နဲ့ ဇွန်လတွေမှာ အနည်းငယ်ကျဆင်းခဲ့တယ်လို့ မန္တလေးတိုင်းဒေသကြီးဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနရဲ့ စာရင်းတွေအရ အသိရပါတယ်။ ဒါကြောင့် ဌာနအနေနဲ့  နိုင်ငံခြားခရီးသွားကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတတ်လာစေဖို့ ခရီးစဉ်ဒေသအသစ်တွေကိုဖော်ထုတ်ဖို့၊ ဒေသအတွင်းရှိအရင်းမြစ်တွေတည်တံ့စေဖို့နဲ့ နိုင်ငံခြားခရီးသွားတွေ ရာသီအလိုက်ပွဲတော်တွေကို  ပိုမိုစိတ်ဝင်စားမှုရှိလာစေဖို့ အစီအစဉ်တွေ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၁၇ ခုနှစ်မှာ နိုင်ငံခြားခရီးသွား ၄သိန်း ၈သောင်းကျော် ၀င်ရောက်ထားတယ်လို့ သိရပါတယ်။

 

 

 

Related News