နိုင်ငံတော်အဆင့် ဟိုတယ်နှင့်ခရီးသွား ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ဌာနတစ်ခုဖြစ်တဲ့ မန္တလေး ဟိုတယ်နှင့် သက်မွေးပညာသင်ကျောင်း(MHVTi) က ပုဂံညောင်ဦးနှင့် မန္တလေးတို့မှ သင်တန်းဆင်းကျောင်းသားတွေကို အလုပ်အကိုင်နေရာချထားနိုင်ရေးအတွက် မန္တလေးဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ အ လုပ်အကိုင် ပြပွဲ ၂၀၁၈ ကို စက်တင်ဘာလ (၁၂)ရက်က မန္တလေးမြို့ Hotel Marvel မှာ ပြုလုပ်ခဲ့ပါတယ်။ အခုပြုလုပ်တဲ့ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ အလုပ်အကိုင် ပြပွဲ ၂၀၁၈ ကို မန္တလေးဟိုတယ် နှင့်သက်မွေးပညာသင် ကျောင်းက ပထမဆုံးအကြိမ် ပြုလုပ်တာဖြစ်ပြီး ပုဂံညောင် ဦးဒေသတွေမှာ လူငယ်စီးပွားရေးမြှင့်တင်မှုကို ဆောင်ရွက်နေတဲ့ Plan International Myanmar နဲ့ ပူးပေါင်းဆောင်ရွက်တာဖြစ်တယ်လို့ သိရပါတယ်။

အခုလို ပြုလုပ်တာဟာ မန္တလေးဟိုတယ်နှင့် သက်မွေးပညာသင်ကျောင်း (MHVTi) က သင်တန်းဆင်းတွေ အလုပ်အကိုင်ရရှိစေဖို့နဲ့ မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းတွေမှာ လိုအပ်နေတဲ့ ၀န်ထမ်းရရှိရေးတွေအတွက် ရည်ရွယ်ပြုလုပ်တာ ဖြစ်တယ်လို့ မန္တလေး ဟိုတယ်နှင့် သက်မွေးပညာသင်တန်းကျောင်းမှ ဒါရိုက်တာဒေါ်မေသဇင်က ပြောပါတယ်။ ဟိုတယ် နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ အလုပ်အကိုင် ပြပွဲမှာ အိပ်ခန်းဆောင်ဝန်ဆောင်မှုလုပ်ငန်း၊ အစားအစာနဲ့အဖျော်ယမကာ တည်ခင်းဧည့်ခံလုပ်ငန်း၊ ဧည့်ကြိုလုပ်ငန်း၊ မုန့်ဖုတ်လုပ်ငန်း၊ အစားအစာချက်ပြုတ်လုပ်ငန်း စတဲ့ အလုပ်အကိုင်(၅) မျိုးကို ပြသသွားမှာ ဖြစ်တယ်လို့သိ ရပါ တယ်။ အခုလို အလုပ်အကိုင် ပြပွဲ ပြုလုပ်ပေးတာဟာ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းက အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးနိုင်မှု ပိုမိုတိုးတက်လာပြီး အလုပ်အကိုင် ရရှိရေးအတွက် လွယ်ကူလာစေမှာ ဖြစ်တယ်လို့ သင်တန်းသားတစ်ဦးက ပြောပါတယ်။ 

 

Related News