Thousand Island Business Groupက ဦးစီးကျင်းပတဲ့ (၁၈)ကြိမ်မြောက် သီတင်းကျွတ်အကြို အပြည်ပြည် ဆိုင်ရာ ပရိဘောဂပြပွဲကို စက်တင်ဘာလ(၁၃)ရက်ကနေ (၁၇)ရက်အထိ (၅)ရက်ကြာ ကျင်းပပြုလုပ်နေပါတယ်။ ချမ်းမင်း
အခုကျင်းပနေတဲ့ အပြည်ပြည်ဆိုင်ရာပရိဘောဂပြပွဲကို (၂၀၁၀)ပြည့်နှစ် က စတင်ကာ နှစ်သစ်ကူးအကြိုနဲ့ သီတင်းကျွတ်အကြိုဆိုပြီး တစ်နှစ်ကို(၂)ကြိမ် ကျင်းပလာခဲ့တာ ဖြစ်ပါတယ်။

အခုနှစ်ကျင်းပတဲ့ (၁၈)ကြိမ် မြောက် သီတင်းကျွတ်အကြို အပြည်ပြည်ဆိုင်ရာပြပွဲမှာ ပြည်တွင်း၊ ပြည်ပက ကုမ္မဏီပေါင်း (၄၂)ခုမှ ပြခန်းပေါင်း(၁၉၈)ခန်း ပါဝင်ပြသထားတာ ဖြစ်ပါတယ်။ ပြပွဲမှာ ပြည်တွင်းပရိဘောဂတွေကို အဓိကပြသထားတာဖြစ်ပြီး ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်နဲ့ သစ်အမျိုးမျိုးကို အလှဆင်ပြုလုပ်ထားတဲ့ ပရိဘောဂတွေ၊ အိမ်သုံး၊ရုံးသုံး၊ကျောင်းသုံး ပရိဘောဂ တွေ၊ ခန်းဝင်ပစ္စည်းတွေ၊ နေအိမ်အလှဆင်ပစ္စည်းတွေဖြစ်တဲ့ ကြမ်းခင်းတွေ၊ မီးဖိုချောင်သုံး ပစ္စည်းတွေနဲ့ ပြည်ပမှမှာယူတင်သွင်းထားတဲ့ ပရိဘောဂတွေကို ပြသထားတာ ဖြစ်ပါတယ်။ဒီပြပွဲကို လာရောက်သူတွေအနေနဲ့ ပရိဘောဂပစ္စည်းတွေကို တစ်နေရာထဲမှာ စုံစုံလင်လင်ကြည့်ရှုနိုင်မှာဖြစ်ပြီး တပ်မတော်ခန်းမမှာ စက်တင်ဘာလ(၁၃)ရက်ကနေ (၁၇)ရက်ထိ (၅)ရက်တိုင်တိုင် မနက်(၉)နာရီကနေ ညနေ(၆)နာရီအထိ  ပြသသွားမှာဖြစ်တယ်လို့ သိရပါတယ်။

 

 

 

Related News