မန္တလေးမြို့မှာ ဆဋ္ဌမအကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အခမ်းအနားကို စက်တင်ဘာလ(၁၃)ရက်က မန္တလေးမြို့တော်ခန်းမမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အခမ်းအနား ပြုလုပ်တာရဟာ လူကုန်ကူးမှုပပျောက်ရေးအတွက် လူကုန်ကူးခံရမှု တားဆီးကာကွယ်နိုင်စေဖို့၊ လူကုန်ကူးခံရခြင်းဆိုင်ရာ ဗဟုသုတတွေရရှိစေဖို့အတွက် ဖြစ်တယ်လို့ပြောပါတယ်။

ယခုပြုလုပ်တဲ့ ဆဋ္ဌမအကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အခမ်းအနားမှာ မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီနဲ့ အမှတ်(၁၁) လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့စု(မန္တလေး)တို့ ပူးပေါင်းပြီး လူကုန်ကူးလုပ်ငန်းအမျိုးမျိုးကိုဖော်ပြကာ ပြည်သူလူထုအနေနဲ့လည်း လူကုန်ကူးမှုဗဟုသုတတွေရရှိကာ လူကုန်ကူးမခံရစေဖို့နဲ့ လူကုန်ကူးခြင်းမှတားဆီးကာကွယ်နိုင်စေဖို့အတွက် လူကုန်ကူးမှုနဲ့ပတ်သတ်တဲ့ အသိပညာပေးပြဇာတ်ကိုလည်း တင်ဆက်ခဲ့ကြတာဖြစ်တယ်လို့သိရပါတယ်။

မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အခမ်းအနားကို မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နဲ့ အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့ဝင်များ၊ အမျိုးသမီးကော်မတီများ၊ ဌာနဆိုင်ရာအသီးသီးမှ အရာရှိများ၊ ကုလသမဂ္ဂအဖွဲ့အစည်းမှ ကိုယ်စားလှယ်များ၊ နိုင်ငံတကာအစိုးရမဟုတ်တဲ့ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ လူမှုအဖွဲ့အစည်းများနဲ့ ကျောင်းသား၊ ကျောင်းသူတွေ တတ်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

 

 

 

Related News