နေ့စဉ်လူ့ဘ၀ရှင်သန်ရေးအတွက် လူတိုင်းဟာ ၀မ်းစာကိုနည်းအမျိုးမျိုးနဲ့ဖြေရှင်းနေကြပါတယ်။ဒီလိုဝမ်းစာရှာဖွေသူတွေထဲမှာ တစ်ချို့ကတော့ မနက်အာရုံတက်ချိန်ကတည်းက သူတို့ရဲ့ ၀မ်းစာအတွက် စတင်အလုပ် လုပ်နေကြပါပြီ။ ဒီလိုဝမ်းစာကို နည်းအမျိုးမျိုးနဲ့ရှာဖွေသူတွေထဲမှာ သတင်းစာ၊ဂျာနယ်တွေကို လမ်းမကြီးတွေပေါ်မှာ လက်ပွေ့ရောင်းချနေသူတွေလည်း အပါအ၀င်ဖြစ်ပါတယ်။

လက်ပွေ့ရောင်းချသူတွေဟာ သူတို့ရောင်းချမယ့် သတင်းစာ ဂျာနယ်တွေကို ရွှေဂုံတိုင်၊ပန်းဆိုးတန်း၊ သမိုင်းလမ်းဆုံစတဲ့ နေရာတွေကနေ  တစ်ဆင့်ပြန်လည် ၀ယ်ယူရတာပါ။ ဒီထဲကမှ သမိုင်းလမ်းဆုံနေရာမှာဆိုရင်လည်း ရောင်းချမယ့် သတင်းစာ၊ဂျာနယ်တွေကိုတော့ အမှားအယွင်းမရှိ အစီအစဉ်လိုက်စီပြီး ရောင်းချဖို့အတွက် ပြင်ဆင်နေကြတာကိုလည်း မနက်ခင်းအာရုံတက်ချိန်မှာ တွေမြင်နေရပါပြီ။

အခုမြင်တွေ့နေရတဲ့ လက်ပွေ့သတင်းစာ၊ဂျာနယ်ရောင်းချသူတွေက နေ့စားအလုပ်သမားတွေဖြစ်ပြီး တစ်နေ့ဝင်ငွေက (6000) ၀န်းကျင်ရရှိတယ်လို့ ပြောပါတယ်။ ဒီလိုတစ်နေ့ဝင်ငွေ (6000) ၀န်းကျင်က သူတို့မိသားစုဝမ်းရေးအတွက်တော့ပြည်သူတွေ အနေနဲ့ လွန်ခဲ့တဲ့ (2006)ခုနှစ်ကနေ (2015)ခုနှစ်ဝန်းကျင်လောက်ထိ သတင်းစာဂျာနယ်လက်ပွေ့သမားတွေဆီက သတင်းစာ၊စာစောင်တွေ ၀ယ်ယူဖတ်ရှုလေ့ရှိကြပြီး အခုခေတ်နောက်ပိုင်းမှာတော့  နည်းပညာပိုင်းဖွံ့ဖြိုးလာမှုနဲ့အတူ မိုဘိုင်းဖုန်း အသုံးပြုပြီး လူမှုကွန်ရက်စာ  မျက်နှာမှတစ်ဆင့် သတင်းတွေဖတ်ရူလာတာကြောင့်  သတင်းစာလက်ပွေ့ရောင်းချသူတွေ အနေနဲ့  ရောင်းအားကျဆင်းလာတယ်လို့ ပြောပါတယ်။

ဒီလို လမ်းမကြီးတွေပေါ်မှာ လက်ပွေ့ရောင်းချနေသူတွေထဲမှာ မချောစုက တစ်ဦးအပါအ၀င်ပါ။ သူမအနေနဲ့ ဒီအလုပ်ကို  အသက် (23)နှစ်ကတည်းက စတင်လုပ်ကိုင်ပြီး ၀မ်းစာအတွက် ရုန်းကန်နေရသူပါ။သူမက လက်ပွေ့သတင်းစာဂျာနယ်တွေကို ကမ္ဘာအေးလမ်းမတစ်လျှောက်မှာ လိုက်လံရောင်းချနေတာဖြစ်ပါတယ်။ သူမ၀ါသနာပါတဲ့ ဒီအလုပ်ကိုစတင်လုပ်ကိုင်တုန်းက တစ်နေ့ ၀င်ငွေ (1)သောင်းကျော်ရရှိတာကြောင့် ၀မ်းစာအတွက် လုံလောက်မှုရှိပြီး အခုနောက်ပိုင်းမှာတော့ တစ်နေ့ဝင်ငွေက (6)ထောင်ဝန်းကျင်သာ ရရှိတော့တယ်လို့ပြောပါတယ်။ ဒီဝင်ငွေ (6)ထောင်က သူမအတွက် လုံလောက်မှုရှိရဲ့လား။မချောစုလို မနက်အာရုံတက်ချိန်မှာ လက်ပွေ့သတင်းစာဂျာနယ်ရောင်းချရင်း မိမိတို့ရဲ့ ၀မ်းစာဖြေရှင်းဖို့အတွက် နည်းမျိုးစုံနဲ့ ဘ၀ကိုရုန်းကန်နေရသူတွေကတော့ အများအပြားရှိလို့နေပါတယ်။

 

 

 

Related News