လူရွှင်တော်အသင်း(ရန်ကုန်)က ကြီးမှူးကျင်းပတဲ့ သက်ကြီးလူရွှင်တော်များအား ကူညီထောက်ပံ့ရေး ရန်ပုံငွေဘောလုံးပွဲကို စက်တင်ဘာလ (၁၅)ရက် နေ့လည် (၁)နာရီမှာ ကျင်းပခဲ့ပါတယ်။ လူရွှင်တော်အသင်း(ရန်ကုန်)က ကြီးမှူးကျင်းပတဲ့ သက်ကြီးလူရွှင်တော်များအား ကူညီထောက်ပံ့ရေး ရံပုံငွေ   ဘောလုံးပွဲမှာ အသင်း (၅)သင်းက ၀င်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့အသင်း၊ လူရွှင်တော်လူငယ်များအသင်း၊ ဂျိုကာအသင်း၊ သက်ကြီးလူရွှင်တော်အသင်းနဲ့ ဘေဘီစတားအသင်း တို့က၀င်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။အခုပြိုင်ပွဲက နာမကျန်းဖြစ်ပြီး အနုပညာအလုပ်မလုပ်နိုင်တော့တဲ့ သက်ကြီးလူရွှင်   တော်များ ၊ အနုပညာအလုပ်ကို လုပ်ကိုင်နေပေမယ့်ချိုတဲ့နေတဲ့ သက်ကြီးလူရွှင်တော်ကြီးများအတွက် ရည် ရွယ်ပြီး    ကျင်းပပေးခဲ့တာလည်းဖြစ်ပါတယ်။

အခုပွဲမှာ အနုပညာရှင်များက ဖျော်ဖြေမှုအစီအစဉ်များ ပြုလုပ်ခဲ့ကြပြီးကွင်းအတွင်းကို လာရောက်အားပေးကြ   တဲ့ ပရိသတ်များကလည်း သက်ကြီးလူရွှင်တော်များအတွက် အလှူငွေများ လှူဒါန်းခဲ့ကြပါတယ်။ ဖျော်ဖြေရေး အစီအစဉ်ပြီးတဲ့နောက်မှာတော့ သက်ကြီးလူရွှင်တော်ဘောလုံးအသင်းနဲ့ ဘေဘီစတားဘောလုံးအသင်းတို့ရဲ့ ဘောလုံးပွဲစဉ်ကို ယှဉ်ပြိုင်ခဲ့ပါတယ်။

အခုကျင်းပတဲ့ ရန်ပုံငွေဘောလုံးပြိုင်ပွဲမှာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက သက်ကြီး လူရွှင် တော်များအတွက်  ငွေကျပ်   သိန်း (၁၀၀) လှူဒါန်းပြီး အနုပညာရှင်များ နဲ့ ဘောလုံးပွဲကို လာရောက်ကြည့်ရှုတဲ့ ပရိသတ်များကလည်း အလှူငွေများလှူဒါန်းခဲ့ကြတာဖြစ်ပါတယ်။

 

Related News