မနောရမ္မပညာဒါနကျောင်း ဖွင့်လှစ်ခဲ့တဲ့ နှစ်(၂၀)ကာလအတွင်း ကျောင်းသားပေါင်း သိန်း(၃၀)ကျော်နီးပါးကို ဘာသာစကားအခမဲ့ ပညာဒါန သင်ကြားပေးခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။စမ်းချောင်းမြို့နယ် ဗဟိုလမ်းမှာရှိတဲ့ မနောရမ္မပညာဒါနကျောင်းကို ၁၉၉၇ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ကမ္ဘာလှည့် ဒေါ်တင်တင်စိန် က ဘာသာစကားသင်ကြားဖို့ အခက်အခဲ ရှိသူတွေအတွက် ရည်ရွယ်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာလှည့် ဒေါ်တင်တင်စိန်အနေနဲ့ကတော့ ၁၉၅၅ ခုနှစ် ကမ္ဘာလှည့် ခရီးသွားချိန်မှာ သူမကိုယ်တိုင် ဘာသာစကားအခက်အခဲတွေနဲ့ ကြုံတွေ့ခဲ့ရတာကြောင့် အခုလို ဖွင့်လှစ်ရတာ ဖြစ်တယ်လို့ ပြောပါတယ်။ 

စတင်ဖွင့်လှစ်စဉ်က ဘာသာစကားကိုးမျိုးသင်ကြားပေးခဲ့ပေမဲ့ အခုဆိုရင် အသက်မွေးဝမ်းကျောင်းပညာရပ် တွေကိုပါ သင်ကြားပေးနိုင်နေပြီ ဖြစ်ပါတယ်။ လက်ရှိမှာ ဆရာဆရာမပေါင်း (၃၀)ကျော်နဲ့ သင်ကြားပေးနေတယ်လို့ သိရပါတယ်။ စာသင်ချိန်တွေကိုလည်း ပိတ်ရက်မရှိသင်ကြားပေးနေတယ်လို့ သိရပါတယ်။ 

ဒီသင်တန်းကျောင်းမှာ လာရောက်သင်ကြားပေးတဲ့ ဆရာတွေကလည်း သူတို့တတ်ထားတဲ့ ပညာရပ်တွေကို ပြန်လည်ဖြန့်ဝေချင်တာကြောင့် မနောရမ္မပညာဒါနကျောင်းမှာ ပညာဒါနအနေနဲ့ လာရောက်သင်ကြားပေးဖြစ်တာ ဖြစ်တယ်လို့ တရုတ်ဘာသာစကားသင်ကြားပေးတဲ့ ဆရာစိုင်း ကပြောပါတယ်။ 

မနောရမ္မပညာဒါနကျောင်းမှာ သင်ကြားပေးဖြစ်တဲ့ ဘာသာစကားတွေကတော့ အင်္ဂလိပ်၊ တရုတ်၊ ကိုရီးယား ဂျပန်၊ ထိုင်းစတဲ့ဘာသာစကားတွေအပြင် အသက်မွေးကျောင်းပညာရပ်တွေဖြစ်တဲ့ အီလတ်ထရောနစ်သင်တန်း၊ LCCI ၊ HR Management နဲ့ မိတ်ကပ်အလှပြုပြင်နည်းသင်တန်းစတာတွေကို အချိန်(၃)လယူပြီး သင်ကြားပေးနေတာဖြစ်တယ်လို့ သိရပါတယ်။

 

 

Related News