အခုနောက်ပိုင်းမှာ အမျိုးသားအမျိုးသမီးများဟာ ကျန်းမာရေးအတွက်အပြင် ကိုယ်ကာယအလှအပအတွက်ပါ အထောက်အကူပြုတဲ့   Gym ကစားနည်းကို အသက်အရွယ်မရွေးကစားသူများပြားလာတာကို တွေ့ရပါတယ်။ အိငယ်ငယ်ဖြိုးက ဆက်လက်တင်ဆက်ပေးမှာ ဖြစ်ပါတယ်။၁၉၀၀ခုနှစ်ဝန်းကျင်ကတည်း က အနောက်နိုင်ငံတွေမှာ စတင်ခဲ့တဲ့ စက်ကိရိယာအထောက်အကူ နဲ့ အားကစားလုပ်တဲ့ Gymကစားနည်းက လက်ရှိအချိန်မှာ ကစားသူများပြားလာပါတယ်။

Gymကစားနည်းကို အများအားဖြင့် ကိုယ်အလေးချိန်ထိန်းသိမ်းချင်သူတွေ၊ ကိုယ်ခန္ဓာပုံမှန်လှုပ်ရှားမှုရှိချင်သူတွေ နဲ့ ကိုယ်ကာယ လှပချင်သူတွေက အများဆုံးကစားကြတာပါ။ အဓိကအားဖြင့်တော့ အမျိုးသမီးတွေ အနေနဲ့ ကိုယ်ခန္ဓာ အလေးချိန်ထိန်းသိမ်းမှု နဲ့ ကိုယ်ခန္ဓာအချိုးအစားလှပမှုအတွက် ကစားပြီး အမျိုးသားတွေကတော့ ကိုယ်ခန္ဓာ ကြီးထွားဖွံ့ဖြိုးဖို့နဲ့ မိမိကိုယ်ကို ယုံကြည်မှုရှိလာဖို့ အတွက် အဓိကထားပြီးကစားကျတယ်လို့ သိရပါတယ်။ 

အားကစားကို စနစ်တကျလုပ်ခြင်းကလူရဲ့ကိုယ်ခန္ဓာမှာရှိတဲ့ glowဟော်မုန်းကိုပိုမိုထွက်ရှိစေတဲ့အတွက် ကိုယ်ခန္ဓာကြီးထွား ဖွံ့ဖြိုးစေခြင်း၊ သွေးလည်ပတ်မှုအားကောင်းလာခြင်း၊အသားအရည်နုပျိုလန်းဆန်းလာခြင်းနဲ့ အရိုးအဆစ် သန်မာ လာခြင်းစတဲ့ အကျိုးကျေးဇူးတွေရရှိ စေပေမယ့် နည်းစနစ်မှန်ကန်မှုမရှိတဲ့ လေ့ကျင့်ခန်း ပြုလုပ်မိရင်တော့ကိုယ်ခန္ဓာ နာကျင်ခြင်း၊ အဆစ်အမြစ်ကိုက်ခဲခြင်းစတဲ့ဆိုးကျိုးတွေ ဖြစ်နိုင်တယ်လို့သိရပါတယ်။

Gym ကစားနည်းကို အသက်(၂၀) ကနေ အသက်(၇၀) အထိ ကစားလာပြီး အများဆုံးကစားတဲ့ အသက် အရွယ်ကတော့ အသက် (၂၀) ကနေ(၃၀) ထိဖြစ်တယ်လို့ သိရပါတယ်။ အခု နောက်ပိုင်း Gym ကစားသူ များပြားလာတာကြောင့် ရန်ကုန်မြို့အတွင်းမှာလည်း Gymနဲ့ ပတ်သက်တဲ့ အားကစားခန်းမတွေ အများအပြား ဖွင့်လှစ်လာတာကိုတွေ့ရပါတယ်။

 

 

Related News