အင်ဒိုနီးရှား-မြန်မာ နှစ်နိုင်ငံလုပ်ငန်းရှင်များအကြား သက်ဆိုင်ရာစီးပွားရေးလုပ်ငန်းများ အလိုက်တွေ့ဆုံပွဲကို စက်တင်ဘာလ(၁၇)ရက်က ရန်ကုန်မြို့ Lotte Hotel မှာပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲကို မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံရုံးမှဦးစီးပြုလုပ်တာဖြစ်ပြီး၊ အင်ဒိုနီးရှားနိုင်ငံနဲ့ မြန်မာနိုင်ငံပုဂ္ဂလိက ကဏ္ဍများအကြား ရင်းနှီးမှုပိုမိုရရှိစေဖို့နဲ့ နှစ်နိုင်ငံ စီးပွားရေးရင်းနှီးမြှုပ်နှံမှုအလားလာ ပိုမိုတိုးတက်လာစေဖို့ ရည်ရွယ်ပြုလုပ်တာ ဖြစ်တယ်လို့ သိရပါတယ်။


တွေ့ဆုံပွဲမှာ အင်ဒိုနီးရှားနိုင်ငံရဲ့ စီးပွားရေးကုမ္ပဏီ(၁၁)ခုရဲ့ ဆိုင်ကယ်၊ ကား စတဲ့စက်အပိုပစ္စည်းလုပ်ငန်း၊ Packaging လုပ်ငန်း၊ Construction Services နဲ့ Power Generator လုပ်ငန်း၊ ပါတိတ်ဖက်ရှင်လုပ်ငန်း၊ ချောကလက်၊ သကြားလုံး၊ ဟင်းချက်ဆီ၊ ဂျုံမှုန့်နဲ့ အခြားစားသောက်ကုန်များ၊ ကြွေထည် မြေထည် ပစ္စည်းများ၊ Manufacture Generating Set / power equipment specialist ထုတ်လုပ်ဖြန့်ချီရေးနဲ့ ထုတ်ကုန်လုပ်ငန်း များ စတဲ့လုပ်ငန်းရှင်တွေနဲ့ မြန်မာနိုင်ငံကလုပ်ငန်းရှင်တွေ တိုက်ရိုက်တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံရုံးက အခုလို အင်ဒိုနီးရှား-မြန်မာ နှစ်နိုင်ငံလုပ်ငန်းရှင်များအကြား သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းများ အလိုက်တွေ့ဆုံပွဲကို ( ၂၀၁၁ )ခုနှစ် ကစတင်ကာ နှစ်စဉ်ပြုလုပ်နေတာ ဖြစ်တယ်လို့ သိရပါတယ်။

 

 

 

Related News