စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ကုန်သွယ်ရေးဦးစီးဌာနက ဖွင့်လှစ်သင်ကြားတဲ့ ကုန်သွယ်မှုဆိုင်ရာ သင်တန်းကျောင်း သင်တန်းဆင်းပွဲကို အောက်တိုဘာလ (၆)ရက်က ရန်ကုန်မြို့ ကမ်းနားလမ်းမှာပြုလုပ်ခဲ့ပါတယ်။

ကုန်သွယ်မှုဆိုင်ရာသင်တန်း အမှတ်စဉ် (၄)သင်တန်းဆင်းပွဲ နဲ့ သင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊အမြဲတမ်းအတွင်းဝန် ဦးရန်နိုင်ထွန်းနဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။ ဒီကုန်သွယ်မှုသင်တန်းကျောင်းမှာ အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍတွေမှာ လုပ်ကိုင်နေသူတွေအတွက် ကုန်သွယ်မှုဗဟုသုတ ရရှိနိုင်စေဖို့၊ ကုန်သွယ်မှုဆိုင်ရာလူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေဖို့ ရည်ရွယ်ချက်နဲ့  ဖွင့်လှစ်တာဖြစ်ပါတယ်။ကုန်သွယ်မှုဆိုင်ရာသင်တန်းကျောင်း အပတ်စဉ် (၄)သင်တန်းမှာ ကုန်သွယ်မှုဆိုင်ရာ သင်တန်း ပို့ချချက်တွေနဲ့ လက်တွေ့ကုန်သွယ်မှုနယ်ပယ်တွေနဲ့ချိတ်ဆက်ပြီး ကုန်သွယ်မှုဗဟုသုတရရှိစေဖို့အတွက် Yangon Stock Exchange ၊ မြန်မာသီလ၀ါ SZE ၊ Myanmar International Terminals Thilawa (MITT)၊ လှိုင်သာယာ အထည်ချုပ်စက်ရုံ၊ ငါး၊ ပုဇွန်အအေးခန်းစက်ရုံ စတဲ့ နေရာတွေမှာ လက်တွေ့သင်ကြားပေးတာဖြစ်တယ်လို့သိရပါတယ်။

အခုလိုသင်တန်း ကျောင်းက စာတွေ့ရောလက်တွေ့ သင်ကြားပေးတဲ့အတွက် ကုန်သွယ်မှုအကြောင်းတွေကို အရင်ကထက်ပိုမို သိရှိလာ တယ်လို့ သင်တန်းသားတစ်ဦးက ပြောပါတယ်။

ဒီသင်တန်းမှာ သင်တန်းသားသင်တန်းသူ (၁၀၃) ဦးတက်ရောက် သင်ကြားခဲ့ပြီ့း  ထူးချွန်ကျောင်းသားကျောင်းသူ တွေကို ပထမ၊ ဒုတိယ၊ တတိယဆုတွေချီးမြှင့်ခဲ့တဲ့ အပြင် စာတမ်းအကောင်းဆုံးဆုကို လည်းချီးမြှင့်ခဲ့တယ်လို့သိရပါတယ်။

 

 

Related News