စာဖတ်ကြစို့ စီမံကိန်း အရ ရန်ကုန်တိုင်းဒေသကြီးအတွင်းက အင်းစိန်နဲ့ တာမွေမြို့နယ်က အခြေခံ ပညာကျောင်းပေါင်း (၇)ကျောင်းမှာ အောက်တိုဘာလ(၆)ရက်နဲ့ (၇)ရက်တို့မှာ ကျောင်းစာကြည့်တိုက်များ ဖွင့်လှစ်ပေးနေတာဖြစ်ပါတယ်။ ဒီစီမံကိန်းကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊  မြန်မာ့စာပေ ပံ့ပိုးကူညီမှုနှင့် ထိန်းသိမ်းစောင့်ရှောက်မှု ပရဟိတအဖွဲ့(MBAPF)၊ မြန်မာနိုင်ငံစာကြည့်တိုက်အသင်းနဲ့ အမေရိကန် အခြေစိုက် NGO အသင်းဖြစ်တဲ့ Room to Read အဖွဲ့တို့ပူးပေါင်းပြုလုပ်နေတာဖြစ်ပြီး၊ ရန်ကုန်တိုင်းဒေသကြီးတွင်းမှာရှိတဲ့ အမှန်တကယ် စာကြည့်တိုက် မရှိသေးတဲ့ကျောင်းတွေကို ရွေးချယ်ဖွင့်လှစ်ပေးခဲ့တာလို့ သိရပါတယ်။ရန်ကုန်တိုင်းဒသကြီးအတွင်း ကျောင်းစာကြည့်တိုက်ဖွင့်လှစ်ပေးသွားဖို့ စာဖတ်ကြစို့ စီမံကိန်းက  ရွေးချယ်ခဲ့တဲ့ ကျောင်းတွေက အ.လ.က(၉) အင်းစိန်၊ အ.လ.က(၄) အင်းစိန်၊ အ.မ.က(၁၄) အင်းစိန်၊ အ.မ.က (၁၅) အင်းစိန်၊ အ.လ.က(၂) တာမွေ၊ အ.မ.က(၇) တာမွေနဲ့ အ.မ.က (၂၂) တာမွေအစရှိတဲ့ ကျောင်းတွေပဲဖြစ်ပါတယ်။

စီမံကိန်းကို ကျောင်းနေရွယ် လူငယ်များကို စာဖတ်ခြင်းအလေ့အကျင့်ဖြစ်စေရန်နဲ့ စာပေကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေဖို့အတွက် ရည်ရွယ်ပြုလုပ်နေတာဖြစ်တယ်လို့ သိရပါတယ်။

စာဖတ်ကြစို့ စီမံကိန်းအနေနဲ့ စီမံကိန်းကာလ(၂)နှစ်အတွင်း  နေပြည်တော်၊ ဧရာဝတီ၊ မန္တလေး စတဲ့ဒေသတွေက  ကျောင်းစာကြည့်တိုက်မရှိသေးတဲ့ကျောင်းတွေကိုလည်း ရွေးချယ်ပြီး ကျောင်းစာကြည့် တိုက်များကို  ဖွင့်လှစ်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ 

 

Related News