ရခိုင်ဒေသရဲ့အခြေအနေတွေကိုနားမလည်သူတွေရှိနေပြီး ရေရှည်အကျိုးဆက်တွေကို ခြုံငုံမိစေဖို့ တဖြည်းဖြည်းချင်းဖြေရှင်းနေတယ်လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။

ဂျပန်နိုင်ငံကို (၁၀)ကြိမ်မြောက်မဲခေါင်-ဂျပန်ထိပ်သီးအစည်းအဝေးကိုတက်ရောက်ဖို့ရောက်ရှိနေတဲ့ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က အောက်တိုဘာလ(၆)ရက်မှာ NHKသတင်းဌာနနဲ့ သီးသန့်တွေ့ဆုံမေးမြန်းစဉ် ပြောခဲ့တာပါ။

(၂၀၁၇)ခုနှစ်၊ သြဂုတ်လ(၂၇)ရက်မှာ ရခိုင်ဒေသက ရဲတပ်ဖွဲ့စခန်းတွေကို A.R.S.Aအကြမ်းဖက်တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တဲ့ နောက်ပိုင်းမှာ ဘင်္ဂါလီ(၅)သိန်းလောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့တယ်လို့ မြန်မာနိုင်ငံဘက်က သတင်းထုတ်ပြန် ထားပြီး ရခိုင်ဒေသရဲ့အခြေအနေတွေကို ရေရှည်အကျိုးဆက်တွေကိုခြုံငုံမိဖို့ မြန်မြန်ဆန်ဆန်ဖြေရှင်းခဲ့တာမျိုးမရှိဘူးလို့ ဒေါ် အောင်ဆန်းစုကြည်ကပြောပါတယ်။ (ရခိုင်ဒေသတစ်ခုတည်းရဲ့အခြေအနေတွေကဘာလဲဆိုတာကိုတောင် နားမလည်တဲ့လူတွေအများကြီးရှိနေပါတယ်။ မြန်မာတစ် နိုင်ငံလုံးကိုထားလိုက်ပါဦး။

ဒီနေ့ခေတ်မှာတော့ ကျဉ်းထဲကြပ်ထဲအမြန်ရောက်ပြီး ချက်ချင်းပြဿနာပြေလည်လို့စိတ်ကျေနပ်ချင် တာပါပဲ။ အရာတိုင်းကို မြန်မြန်ဆန်ဆန်နဲ့ချက်ချင်းလုပ်ရမှာပေမဲ့ ရေရှည်အကျိုးဆက်တွေကိုခြုံငုံမိဖို့ ကျွန်မတို့ကတော့ အဲဒီလို မလုပ်နိုင်ခဲ့ပါဘူး။) 

ပြီးခဲ့တဲ့နှစ်တွေအတွင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ငြိမ်းချမ်းရေးနိုဗယ်ဆုကို ပြန်ရုတ်သိမ်းဖို့ ပြောနေကြတာတွေရှိနေပေမဲ့ ဆုတွေနဲ့ဂုဏ်ပြုတာတွေကို အာရုံမထားဘူးလို့ အဲဒီတွေ့ဆုံမေးမြန်းမှုအတွင်းမှာပြောခဲ့တယ်လို့ NHKကဖော်ပြပါတယ်။ မိတ် ဆွေဆိုတာက တစ်ဦးနဲ့တစ်ဦးနားလည်ဖို့နဲ့ အခြေခံအားဖြင့် ကိုယ့်သဘောနဲ့ကိုယ်ဆုံးဖြတ်တာထက် သူတစ်ပါးကိုနားလည် အောင် ကြိုးစားဖို့ဖြစ်တယ်လို့ ပြောခဲ့ပြီး ဆုတံဆိပ်တွေကတော့ ရလာလိုက်၊ ပြန်ထွက်သွားလိုက်နဲ့ပဲဖြစ်နေတယ်လို့ ဒေါ်အောင် ဆန်းစုကြည်ကပြောခဲ့ပါတယ်။

 

Related News