သီတင်းကျွတ်လတိုင်း ရန်ကုန်မြို့လယ်မှာ မီးပုံးတွေကို အလှဆင်ထွန်းညှိကြတာဖြစ်ပြီးဒီနှစ်မှာလည်း မီးပုံးတွေအလှဆင်နိုင် ဖို့အတွက် ပြင်ဆင်နေကြတာဖြစ်ပါတယ်။ ခင်နဒီမိုးက တင်ဆက်ပေးမှာဖြစ်ပါတယ်။ရန်ကုန်မြို့လယ်ခေါင်ဖြစ်တဲ့ Sule Square မှာ မီးအလှဆင်ထွန်းညှိဖို့အတွက်  ပန်းချီဆရာပန်းကြည် က တာဝန်ယူ လုပ်ဆောင်နေတာဖြစ်ပါတယ်။ပန်းချီဆရာပန်းကြည် က ဒီမီးအလှဆင်ဖို့အတွက် ဇူလိုင်လက စပြီး ပြင်ဆင်နေတာ ဖြစ်ပါတယ်။ ဆရာပန်းကြည်ဟာ အရင်က ပန်းချီကားတွေ ၊ စက္ကူနဲ့ပြုလုပ်တဲ့ Paper Craft ကို ပြုလုပ်တာဖြစ်ပြီး ဒီနှစ်မှာတော့ သီတင်းကျွတ်ပွဲတော်အတွက် မီးပုံးတွေကို အလှဆင်ပြုလုပ်တာဖြစ်ပါတယ်။ 

မီးပုံးလို့ ဆိုတာနဲ့ အားလုံးသိကြတာက ၀ါးနဲ့ပြုလုပ်တဲ့မီးပုံးလို့ဘဲသိကြမှာပါ။ဆရာ ပန်းကြည် ကတော့ မီးပုံးတွေကို ၀ါးနဲ့မပြုလုပ်ဘဲ အလူမီနီယံနဲ့ ပြုလုပ်တာဖြစ်ပါတယ်။ အခုပြုလုပ်နေတာကတော့ စလင်ဒါပုံ မီးပုံး ပုံစံကိုပြုလုပ်နေတာပါ။ မီးပုံးတွေကို ၀ါးနဲ့မပြုလုပ်ဘဲ အလူမီနီယံနဲ့ဘာကြောင့်လုပ်တာလဲဆိုတာက--ဆရာပန်းကြည်က မီးပုးံတွေကို အရွယ်အစားခွဲပြီး သံနဲ့သော်လည်းကောင်း၊ အလူမီနီယံသော် လည်းကောင်းပြုလုပ်တာ ဖြစ်ပါတယ်။ သံနဲ့လုပ်ထားတဲ့ မီးပုံးပုံစံတွေက လူအရုပ်ကြီးတွေဖြစ်ပါတယ်။ အလူမီနီယံနဲ့လုပ်တဲ့ မီးပုံးတွေကတော့ ကြယ်ပုံ ၊  ဘီးလူးမမျက်ကွင်းပုံ ၊ စလင်ဒါပုံ  ၊  စဉ်းအိုးပုံ ၊ ဖရုံသီးပုံအစရှိတဲ့ ပုံတွေကို လုပ်ဆောင်တာဖြစ်ပါတယ်။ 

Sule Square မှာ မီးပုံအလုံး (200)ချိတ်ဆွဲမှာဖြစ်ပြီး လက်ရှိမှာတော့ မီးပုံးတွေက ပြီးသလောက်နီးပါးဖြစ်နေပါပြီ။ ဆရာပန်းကြည်ဟာ  သီတင်းကျွတ်မီးပုံးတွေကို ဒီနှစ်မှာ သာလုပ်ဆောင်တာမဟုတ်ဘဲ ပြီးခဲ့တဲ့  တရုတ်နှစ်သစ်ကူးနေ့ ၊ ဗယ်လင်တိုင်းနေ့ ၊ မြန်မာ့သင်္ကြန်ပွဲတော်တို့မှာလည်း မီးပုံးတွေကိုအလှဆင်လုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။ အခု လုပ်ဆောင်နေတဲ့ မီးပုံးတွေကို သီတင်းကျွတ်လပြည့်နေ့အမီ ချိတ်ဆွဲတော့မှာဖြစ်ပါတယ်။ မီးပုံးတွေကို အောက်တိုဘာလ (၁၁)ရက် ည (၁၀)နာရီမှာစတင်ချိတ်ဆွဲသွားမှာဖြစ်ပြီး တန်ဆောင်မုန်းလအထိ ချိတ်ဆွဲထားမှာ ဖြစ်တယ်လို့သိရပါတယ်။

 

 

Related News