SML Medical & Diagnostic Center နဲ့ ကောင်းထက်စံဆေးခန်းတို့ပူးပေါင်းပြီး အောက်တိုဘာလ(10)ရက်က ကောင်းထက်စံဆေးခန်းမှာ ပထမအကြိမ်ရင်သားကင်ဆာစစ်ဆေးပေးခဲ့တာဖြစ်ပါတယ်။အမျိုးသမီးတွေအဖြစ် အများဆုံးက ရင်သားကင်ဆာရောဂါဖြစ်ပြီး အသက်(၅၀)အောက် အမျိုးသမီးတွေမှာ အဖြစ်များတယ်လို့သိရပါတယ်။ ရင်သားကင်ဆာရောဂါက မျိုးရိုးလိုက်ခြင်းနဲ့ သန္ဒေတားဆေးကို နှစ်ရှည်လများသောက်သုံးသူများမှာ ဖြစ်နိုင်ခြေများတာကြောင့် အဖြစ်များတာဖြစ်တယ်လို့သိရပါတယ်။ ရင်သား ကင်ဆာရောဂါကိုစောစီးစွာသိရှိပါက ပျောက်ကင်းအောင် ကုသရတယ်လို့ သိရပါတယ်။

ရင်သားကင်ဆာရောဂါကို ဆေးရုံးဆေးခန်းတွေမှာသွားရောက်စစ်ဆေးစရာမလိုဘဲ မိမိကိုယ်တိုင်စစ်ဆေးသိရှိ နိုင်တဲ့ ရောဂါဖြစ်တယ်လို့သိရပါတယ်။မိမိကိုယ်တိုင်စစ်ဆေးပြီး  ပုံမှန်မဟုတ်တဲ့ အလုံးအကြိတ်ကို စမ်းသပ်မိပါက ဆရာဝန်နဲ့ ပြသစစ်ဆေးသင့်တယ်လို ဒေါက်တာ ဒေါ်စုစုနွယ်က ပြောပါတယ်။

SML Medical & Diagnostic Center နဲ့ ကောင်းထက်စံဆေးခန်းတို့ပူးပေါင်းပြီး နှစ်စဉ်နှစ်တိုင်း အောက်တိုဘာလ မှာ ရင်သားကင်ဆာအခမဲ့ စစ်ဆေးပေးနေတာဖြစ်တယ်လို့သိရပါတယ်။

 

 

Related News