ဆန်သစ်ပေါ်ချိန်ဖြစ်ပေမယ့် ဆန်အသစ်ဈေးကွက်ငြိမ်နေပြီး အခုရက်ပိုင်းအတွင်း ဆန်ဟောင်းများဈေးကွက်အတွင်း အရောင်းအ၀ယ်ပိုသွက်နေတယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့နိုဝင်ဘာလအစရက်ပိုင်းတွေက စပါးဟောင်းကုန်ချိန်နဲ့ စပါးသစ်ပေါ်ချိန်အကူးအပြောင်းကာလဖြစ်တဲ့အတွက် ဆန်ဈေးတွေဟာ တည်ငြိမ်မှုမရှိဘဲ ဆန်ဈေးနှုန်းတွေသိသိသာသာတက်ခဲ့ပါတယ်။အခုရက်ပိုင်းမှာတော့ စပါးသစ်စတင်ပေါ်ပေါက်လာတဲ့အတွက် ဆန်လက်လီဈေးကွက်မှာ ဆန်အသစ်တွေအရောင်းအ၀ယ်အေးနေပြီး ဆန်အဟောင်းတွေအရောင်းအ၀ယ် လိုက်နေတယ်လို့သိရပါတယ်။ ဒါပေမယ့်စပါးသစ်တွေက နယ်စုံကထွက်လာပြီဖြစ်တာကြောင့် ဆန်အချောဈေးကော အကြမ်းဈေးပါ ထက်ကျဖို့ရှိတယ်လို့ဆန်စပါးကုန်စည်ဒိုင် (၀ါးတန်း)ကတွဲဖက်အတွင်းရေးမှူး ကိုဇော်ခိုင်ကပြောပါတယ်။
 
လက်ရှိမှာ ဆန်သစ်တွေပေါ်နေပေမယ့် ဆန်သစ်အရောင်းအ၀ယ်အေးနေပြီး ပေါ်ဆန်းအဟောင်းနဲ့ရက်(၉၀)ဆန်ဟောင်းများ အ၀ယ်လိုက်နေတယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့ နှစ်ပတ်လောက်က ပေါ်ဆန်းအသစ်စပေါ်ချိန်က ပေါ်ဆန်းအသစ် တစ်အိတ်ကို ငွေကျပ် (၄၇၀၀၀)ရှိပြီး နောက်ပိုင်းမှာ ပစ္စည်းအ၀င်များလာတာနဲ့ဈေးအနည်းငယ်ပြန်ကျလာတယ်လို့ ဆန်အကျိုးတော်ဆောင်တစ်ဦးဖြစ်တဲ့ ဒေါ်လှမြင့်ကပြောပါတယ်။ လက်ရှိမှာ ပေါ်ဆန်းအသစ်တစ်အိတ်ကို ကျပ်(၄၃၀၀၀)၀န်းကျင်၊ ရက်(၉၀)အဟောင်းတစ်အိတ်ကို ကျပ်(၂၆၀၀၀)၀န်းကျင် ၊ ဒေးဒရဲ ဖျာပုံပေါ်ဆန်းတစ်အိတ်ကို ကျပ်(၂၆၅၀၀)ရှိပြီး ဘိုကလေး၊ ကျိုက်လတ် ပေါ်ဆန်းတစ်အိတ်ကို ကျပ်(၂၆၀၀၀)ကနေ (၂၅၀၀၀)ပေါက်ဈေးရှိတယ်လို့သိရပါတယ်။

 

Related News