Paper Cut Art ဆိုတာကတော့ စက္ကူပေါ်မှာ ဓားနဲ့ ပုံရိပ်တွေကို လိုသလိုဖြတ်ထုတ်ပြီးပုံဖော်ရတာပါ။ ဒီအနုပညာကို ဖန်တီးပြုလုပ်သူ အနည်းငယ်သာ ရှိပါသေးတယ်။ ပန်းချီဆွဲတာကတော့ ကင်းဘတ်စပေါ်မှာ စုတ်တံနဲ့ ရေးချယ်ရပြီး Paper Cutကတော့ စက္ကူပေါ်မှာ ဖြတ်ညှပ်ကပ်ရတာပါ။ ။Paper Cut Artist ကိုထွေးအောင်လွင်ကတော့ 2014 ခုနှစ်ကစတင်ပြီး စမ်းသပ်ခဲ့တယ်လို့သိရပါတယ်။ သင်ဆရာရယ်လို့ မရှိဘဲ ကိုယ်တိုင် စက္ကူတွေကို ဖြတ်ညှပ်ကပ်လုပ်ခဲ့ပြီး ဖန်တီးဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

2012ခုနှစ် နောက်ပိုင်းမှာတော့ အရောင်တွေအကြောင်း နားလည်အောင် ပန်းချီဆရာကြီးဦးဝင်းဖေမြင့်စီကနေ ပန်းချီပညာရပ်တွေကို ထပ်မံလေ့လာသင်ယူခဲ့တယ်လို့ သိရပါတယ်။ အရောင်တွေ နားလည်ထားတဲ့အခါမှာ Paper Cutပန်းချီတွေကို ဖန်တီးအခါမှာ ပိုပြီးအထောက်အပံ့ဖြစ်စေတယ်လို့ သိရပါတယ် Paper Cut Artist  ကိုထွေးအောင်လွင်က ပြောပါတယ်။ဓားတစ်မျိုးတည်းနဲ့သာ ပုံရိပ်တွေကို ဖန်တီးရတဲ့အတွက် အခက်အခဲတွေအများကြီးရှိတယ်လို့ ပြောပါတယ်။ စက္ကူရွေးချယ်တဲ့အခါမှာ လည်း ကြာရှည်ခံအောင် မှိုမတက်အောင် စနစ်တကျ ရွေးချယ်ရတယ်လို့ပြောပါတယ်။  စက္ကူနဲ့ပြုလုပ်ထားတာတဲ့အတွက် တာရှည် မခံတာတွေ ပျက်စီးတာတွေဖြစ်နိုင်တယ်ဆိုတဲ့ အခြားသူတွေရဲ့ အမြင်တွေကို အလုပ်နဲ့ ကြိုးစားသက်သေပြခဲ့ပါတယ်။

အခုခါမှာတော့ ပြည်တွင်းပြည်ပက အော်ဒါမှာယူမှုတွေရှိနေပြီး Paper Cut Artist ကိုထွေးအောင်လွင်ဆိုပြီး နေရာတစ်နေရာရနေပြီလို့ ကိုထွေးအောင် လွင်က ပြောပါတယ်။ ကိုထွေးအောင်လွင် ဖန်တီးထားတဲ့  Paper Cut Art တွေထဲမှာ နိုင်ငံကျော်ပုဂ္ဂိုလ်တွေရဲ့ ပုံတူတွေ မြန်မာနိုင်ငံရဲ့ အထင်ကရနေရာတွေ အစရှိတာတွေကို ဖန်တီးပြုလုပ်ခဲ့ပါတယ်။ အခုလက်ရှိမှာလည်း Paper Cut သင်တန်းတွေကိုဖွင့်လှစ်သင်ကြားပေးနေတယ်လို့ သိရပါတယ်။

 

Related News