အာရှဗိုမီနမ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဆုတံဆိပ်ရ ဗိုမီနမ်ကစားသမားတွေက  နိုဝင်ဘာလ(၈)ရက် မနက်(၉)နာရီက ရန်ကုန်မြို့အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။  နိုဝင်ဘာလ (၂)ရက်ကနေ နိုဝင်ဘာလ (၇)ရက်အထိ အင်ဒိုနီးရှားနိုင်ငံမှာ (၄)ကြိမ်မြောက် အာရှချန်ပီယံဗိုမီနမ်   ပြိုင်ပွဲကို မြန်မာကစားသမား (၄)ဦးဖြင့် သွားရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။အာရှချန်ပီယံဗိုမီနမ် ပြိုင်ပွဲကို    နိုင်ငံပေါင်း (၁၆)နိုင်ငံက ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အခုပြိုင်ပွဲပြီးဆုံးပြိးချိန်မှာလည်း မြန်မာနိုင်ငံက အသင်းလိုက်    ရပ်တည်မှုအဖြစ် အဆင့် (၃)နေရာအထိ ရောက်ရှိခဲ့ပါတယ်။အခု ပြိုင်ပွဲက ၂၀၁၈ AUG Games ပြိုင်ပွဲမတိုင်ခင်     ၀င်ရောက်ယှဉ်ပြိုင်ရတဲ့ ပြိုင်ပွဲတခုဖြစ်ပြီးတော့ မြန်မာနိုင်ငံက ဗိုမီနမ်ကစားသမားများကလည်း အကောင်းဆုံး   စွမ်းဆောင်နိုင်ခဲ့ပြီး ရွှေတံဆိပ် (၃)ခု ၊ ငွေတံဆိပ် (၁)ခု ၊ ကြေးတံဆိပ် (၁၀)ခုရရှိခဲ့ပါတယ်။

(၄)ကြိမ်မြောက် အာရှချန်ပီယံဗိုမီနမ်ပြိုင်ပွဲ ပြီးဆုံးသွားချိန်မှာ မြန်မာနိုင်ငံကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်နေတဲ့  ဗိုမီနမ်ကစားသမားဖြစ်ကြတဲ့ ဆလိုင်းမနားကွီးကတော့ ရွှေတံဆိပ် (၁)ခု ၊ ငွေတံဆိပ် (၁)ခုနဲ့ ကြေးတံဆိပ်(၃)ခု     မခိုင်ဝါဖူးက ရွှေတံဆိပ် (၁)ခု ကြေးတံဆိပ် (၅)ခု ၊ မောင်ဘိုဘိုက ရွှေတံဆိပ် (၁)ခု ကြေးတံဆိပ် (၄)ခု ၊ မောင်   ရဲဝင့်ထူးကတော့ ရွှေတံဆိပ် (၁)ခုနဲ့ ကြေးတံဆိပ် (၂)ခု ရရှိခဲ့ပါတယ်။မြန်မာနိုင်ငံဗိုမီနမ်က အုပ်ချူပ်သူ နဲ့ ကစားသမားများကလည်း ဆုတံဆိပ်များ ဆွတ်ခူးနိုင်ခဲ့ပုံကို အခုလိုပဲပြောကြားသွားခဲ့ပါတယ်။ အာရှဗိုမီနမ်ပြိုင်ပွဲမှာ ဆုရရှိခဲ့တဲ့ ကစားသမားများကတော့ နေပြည်တော်ကို သွားရောက်ပြီးတော့ AUG Games   ပြိုင်ပွဲမှာ ဆုတံဆိပ်များ ဆွတ်ခူးနိုင်ဖို့အတွက် လေ့ကျင်ပြင်ဆင်မှုတွေလုပ်ဆောင်သွားမယ်လို့လည်းသိရပါတယ်။

 

 

Related News