(၁၆)ကြိမ်မြောက် ဒီပါဝလီပွဲတော်အခမ်းအနားကို  မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူဖောင်ဒေးရှင်း (ဗဟို) ကကြီးမှူးပြီး နိုဝင်ဘာလ(၇)ရက်က ရန်ကုန်မြို့  ၊ Strand Hotel မှာကျင်းပပြုလုပ်ခဲ့ပါတယ်။  ဟိန္ဒူဘာသာဝင်တို့ ရဲ့ မီးထွန်းပွဲတော်တစ်ခုဖြစ်တဲ့  ဒီပါဝလီနေ့ပွဲတော်ကိုမြန်မာနိုင်ငံမှာလဲ နှစ်စဉ်ကျင်းပ လျက်ရှိပါတယ်။ဒီပွဲက မီးအလင်းရောင်လို့အဓိပ္ပာယ်ရပြီး ဒီပါဝလီဆိုတာကတော့ ဆီးမီးထွန်းညှိပူဇော်လို့ အဓိပ္ပာယ်ရပြီး  မြန်မာ့ရိုးရာသီတင်းကျွတ်မီးထွန်းပွဲတော်နဲ့ ပုံစံတူပွဲတော်တစ်ခုဖြစ်တယ်လို့လဲသိရ ပါတယ်။ 

အခုကျင်းပတဲ့ (၁၆)ကြိမ်မြောက် ဒီပါဝလီပွဲတော်မှာတော့ ၂၀၁၇ - ၂၀၁၈ပညာသင်နှစ်မှာ မြန်မာနိုင်ငံတစ်ဝှမ်း တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်ခဲ့တဲ့ တမီလ်ဟိန္ဒူကျောင်းသား /သူ (၁၀၀)ကျော်ကို ဆုချီးမြှင့်ခဲ့ပါတယ်။ဒါ့အပြင် ဟိန္ဒူရိုးရာအကပဒေသာများ ၊ အိန္နယအဆို ၊ အကများ နဲ့ ဆီးမီးထွန်းညှိပူဇော်ခြင်းများကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ (၁၆)ကြိမ်မြောက်ကျင်းပတဲ့ ဒီပါဝလီပွဲတော်အခမ်းအနားကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန် ၊  ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း နဲ့ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။
 

Related News