ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် e-Government ဦးဆောင်ကော်မတီရဲ့ လမ်းညွှန်မှု၊ ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေး ၀န်ကြီးဌာနရဲ့ ပံ့ပိုးမှုနဲ့ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်နဲ့ကွန်ပျူတာအသင်းများပူးပေါင်းပြီး  e-Government Conference & ICT Exhibition 2018 ကို ယခုနိုဝင်ဘာလအတွင်း နေပြည်တော်မှာ ကျင်းပသွားမယ်လို့ နိုဝင်ဘာလ(၁၅)ရက်က အဆိုပါ e-Government Conference & ICT Exhibition အကြိုသတင်းစာရှင်းလင်းပွဲက သိရပါတယ်။e-Government Conference & ICT Exhibition 2018 အခမ်းအနားက အစိုးရအဖွဲ့ရဲ့လုပ်ဆောင်ချက်တွေကို ပြည်သူလူထုဆီ Onlineစနစ်သုံးပြီး လွယ်ကူ မြန်ဆန်စွာ ပေးပို့နိုင်ဖို့ အကောင်အထည်ဖော်နေတဲ့ e-Government စနစ်ကို အထောက်အကူပြုနိုင်ဖို့အတွက် ရည်ရွယ် ကျင်းပတာ ဖြစ်တယ်လို့ သိရပါတယ်။

e-Government Conference & ICT Exhibition 2018 မှာတော့  “Road to digital Government” ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲ တွေ၊ စကားဝိုင်းတွေအပြင် နည်းပညာကုမ္ပဏီတွေရဲ့ e-Government နဲ့ပက်သက်တဲ့ နည်းပညာ၊လုပ်ဆောင် ချက်တွေကို ပြသတဲ့ ပြခန်းတွေပါ ပါဝင်မယ်လို့ သိရပါတယ်။e-Government Conference & ICT Exhibition ကို ၂၀၁၆ ခုနှစ်ကတည်းက စတင်ကျင်းပခဲ့တာဖြစ်ပြီး အခုပြုလုပ်တာ ကတော့ တတိယအကြိမ်ပြုလုပ်တာဖြစ်ပါတယ်။ကမ္ဘာ့ကုလသမဂ္ဂရဲ့သတ်မှတ်ချက်အတိုင်း ဖော်ဆောင်လျက်ရှိတဲ့   e-Government စနစ်ကိုတော့ မြန်မာနိုင်ငံအနေနဲ့ လွန်ခဲ့တဲ့(၁၅)နှစ်ဝန်းကျင်ခန့်ထဲက အကောင်အထည်ဖော်နေတာဖြစ်ပါတယ်။ 

 

 

Related News