JJ Express ကားလက်မှတ်များ G & G Convenience Store မှာဝယ်ယူရရှိနိုင်ဖို့အတွက် JJ Express နဲ့ G & G Convenience Store တို့ နိုဝင်ဘာ(၁၅)ရက်က Novotel Hotel မှာ စီးပွားရေးအကျိုးတူပူးပေါင်းဆောင်ရွက်ဖို့ လက်မှတ်ရေးထိုးခဲ့ပါတယ်။ ခရီးသွားပြည်သူတွေအနေနဲ့ JJ Express ကားလက်မှတ်တွေကို  ရန်ကုန်မြို့တွင်းမှာရှိတဲ့ G & G Convenience Store မှာ ၀ယ်ယူနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။ ၀ယ်ယူတဲ့အခါမှာလည်း JJ Express ရဲ့ Online ၀န်ဆောင်မှုစနစ်ကိုအသုံးပြုပြီး ကြိုတင်ဘိုကင်လုပ်ရမှာပါ။ ငွေပေးချေတဲ့အခါမှာတော့ G & G Convenience Store မှာ သွားရောက်ပေးချေနိုင်တယ်လို့ သိရပါတယ်။ ကားလက်မှတ်တွေကိုဝယ်ယူတဲ့ ခရီးသွားပြည်သူတွေအနေနဲ့ မိမိတို့နဲ့နီးစပ်တဲ့ G & G Convenience Store မှာ သွားရောက်ဝယ်ယူနိုင်သလို အရောင်းကိုယ်စားလှယ်တွေဆီမှာလည်း ၀ယ်ယူနိုင်တယ်လို့ သိရပါတယ်။ဒါ့အပြင် မိမိတို့ရဲ့ ဘဏ်ကဒ်တွေနဲ့လည်း Online ကနေ ချိတ်ဆက်ဝယ်ယူနိုင်တယ်လို့သိရပါတယ်။

JJ Express အနေနဲ့ လက်ရှိမှာ ယာဉ်စီးရေ(၅၀)ကျော်နဲ့ ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ ပုဂံ၊ တောင်ကြီးစတဲ့ခရီးစဉ်(၅)ခုကိုပြေးဆွဲပေးနေပြီး လာမယ့်ဒီဇင်ဘာလပိုင်းမှာလည်း မိတ္ထီလာကိုတိုးချဲ့ပြေးဆွဲပေးသွားမယ်လို့သိရပါတယ်။ G & G Convenience Store ကလည်း ရန်ကုန်မြို့တွင်းမှာ ဆိုင်ပေါင်း(၂၁၆)ဆိုင်၊ မန္တလေးမှာ(၅၁)ဆိုင်၊ နေပြည်တော်မှာ(၇)ဆိုင်၊ ပဲခူးမှာ(၄)ဆိုင်အပါအ၀င် လှည်းကူးမှာ(၂)ဆိုင် ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

 

Related News