Beauty and the Craft Fair လက်မှုပစ္စည်းပြပွဲကို နိုဝင်ဘာ (၁၅)ရက်မှ (၁၇)ရက်အထိ Sule Square မှာပြုလုပ်ခဲ့တာဖြစ်ပါတယ်။ Beauty and the Craft Fair လက်မှုပစ္စည်း ပြပွဲမှာ ဖဲပြားအလှဆင်ပစ္စည်းများ၊ဖဲပန်းချီ၊ပွဲတက်အလှအိတ်များ၊ လက်မှုပညာနဲ့ပြုလုပ်ထားတဲ့ အရုပ်များ၊ လက်လုပ် ဆပ်ပြာများ၊ခေါင်းလျှော်ရည်များ၊၀ါယာကြိုးနဲ့ပြုလုပ်ထားတဲ့ အနုပညာလက်မှုပစ္စည်းများကိုပြသခဲ့တာဖြစ်ပါတယ်။

ပြသခဲ့တဲ့ပစ္စည်းတွေကို ပြည်တွင်းထက် နိုင်ငံခြားသားများက ပိုမိုစိတ်ဝင်စားမှုရှိနေပြီး ပြည်တွင်းမှာလည်း  စိတ်ဝင်စားမှုပိုမိုများပြားလာအောင် အခုလို ပွဲတွေလုပ်ဆောင်နေတာ ဖြစ်တယ်လို့  ပွဲစီစဉ်သူ မဆုလှိုင်နှင်းကပြောပါတယ်။ပြပွဲမှာ ပြခန်းပေါင်း (၈)ခန်းပြသခဲ့ပြီး ၀ယ်ယူတဲ့သူတွေကတော့  ပေါ့ပေါ့ပါးပါးရှိတဲ့ အသုံးအဆောင်ပစ္စည်းတွေကို အများဆုံး ၀ယ်ယူကြတယ်လို့သိရပါတယ်။ ပြသထားတဲ့ ပစ္စည်းတွေရဲ့ တန်ဖိုးကအနည်းဆုံး  မြန်မာငွေကျပ်  (၁၅၀၀) မှ အများဆုံး (၅)သောင်းကျပ်ထိရှိနေတယ်လို့သိရပါတယ်။ပြပွဲပြသချိန်ကိုတော့ မနက် (၁၀)နာရီမှ ည(၈)နာရီထိပြသ ခဲ့တယ်လို့သိရပါတယ်။နောက်ပိုင်းတွေမှာလည်း မကြာခဏအခုလိုပြပွဲတွေပြသသွားမှာဖြစ်ပြီး ပြည်ပနိုင်ငံတွေလို့ ဈေးကွက်တစ်ခုဖြစ်လာဖို့ ကိုလုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

 

 

Related News