မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့မှာ(၅၈)ကြိမ်မြောက် ဝေဘူရတနာသုံးပါးပူဇော်ပွဲကို နိုဝင်ဘာလ(၃၀) ရက်က ပြုလုပ်ခဲ့ပါတယ်။ဝေဘူရတနာသုံးပါပူဇော်ပွဲက ကျောက်ဆည်မြို့နယ်လုံးရှိ သံဃာ/သီလရှင်ကျောင်းတိုက်တွေ၊ ဝေဘူဆရာတော်ဘုရားကြီး ဇာတိမြေရွှေဘိုအင်းကြင်းပင် ရှိကျောင်းတိုက်၊ မန္တလေး၊ပခုက္ကူမြို့တွေနဲ့ ကျောက်ဆည်ခရိုင်အတွင်းက စဥ့်ကိုင်၊မြစ်သား၊တံတားဦးမြို့နယ်တွေရှိ ကျေးရွာတွေက သံဃာ၊ သီလရှင် ၊ယောဂီနဲ့ ငွေကြေးချို့တဲ့သူတွေ ပါမကျန်လှူဒါန်းတဲ့ပွဲတစ်ခုဖြစ်တယ်လို့သိရပါတယ်။ကျောက်ဆည်မြို့မှာ ဝေဘူရတနာသုံးပါးပူဇော်ပွဲကို (၁၉၆၁)ခုနှစ်မှ စတင်ကာနှစ်စဉ်တန်ဆောင်မုန်းလပြည့်ကျော်(၇)ရက်နဲ့(၈)ရက်တွေမှာ ကျင်းပလာခဲ့တယ်လို့သိရပါတယ်။

ပထမ ဝေဘူဆရာတော် ဘုရားကြီးသက်တော်ထင်ရှားရှိစဉ်ကတည်းက ဝေဘူရတနာသုံးပါပူဇော်ပွဲကိုကျင်းပခဲ့တာဖြစ်ပြီး ဘာသာ သာသနာအကျိုးဆောင်ရွက်ဖို့နဲ့ဝေဘူရတနာသုံးပါပူဇော်ကိုကြာရှည်တည်တံဖို့ရည်ရွယ်ကာနှစ်စဉ် ကျင်းပတာဖြစ်တယ်လို့သိရပါတယ်။ 

ဝေဘူရတနာသုံးပါးပူဇော်ပွဲအတွက် နှစ်စဉ်တန်ဆောင်မုန်းလပြည့်ကျော်(၇)နေ့ရောက်တိုင်း ကျောက်ဆည်မြို့ပေါ်နဲ့  နေရာအရပ်ဒေသအသီးသီက လောင်းလှူမယ့်လှူဖွယ်ပဒေသာပင်တွေကို မြို့တွင်းအတီးအမှုတ်အကအခုန်များနဲ့ လှည့်လည်သယ်ယူကြပြီး လောင်းလှူမယ့် ဌာနတွေမှာ ထားရှိကြတယ် လို့သိပါတယ်။ တန်ဆောင်မုန်းလပြည့်ကျော်(၈)ရက်မှာတော့ ရပ်ဝေး/ရပ်နီးမှ ရဟန်း၊သံဃာတော်၊သီလရှင်နဲ့ယောဂီတွေကို ဆွမ်း၊ဆွမ်းဟင်း၊ဆွမ်းဆန်စိမ်း၊စာရေးတံမဲများနဲ့လှူဖွယ်ပစ္စည်းများလောင်းလှူပူဇော်ခဲ့ကြတယ်လို့သိရပါတယ်။

ယခုနှစ်ရဲ့ ဝေဘူရတနာသုံးပါပူဇော်ပွဲကို ကျောက်ဆည်မြို့ပေါ်(၁၀)ရပ်ကွက်၊ အနီးနားရွာတွေနဲ့ဒေသအသီးသီးက အလှူရှင်တွေ၊ဌာနဆိုင် ရာရုံး၊ကျောင်း၊မိသားစု၊အသင်းအဖွဲ့တွေစုပေါင်းပြီး မဏ္ဍပ်အခန်းပေါင်း(၄၀၀)ကျော် လာရောက်လှူဒါန်း ကြတယ်လို့သိရပါတယ်။ ဒါ့အပြင်ယခုနှစ်ဝေဘူရတနာသုံးပါးပူဇော်ပွဲမှာရပ်နီး/ရပ်ဝေးကပင့်သံဃာအပါး(၁၅၀၀)၊သီလရှင်၊ယောဂီ(၇၀၀)ခန့်ကိုပင့်ဖိတ်ကာဆွမ်းဆန်စိမ်းနဲ့လှူဖွယ်ဝတ္ထူတို့ကိုလောင်းလှူခြင်း၊အရုဏ်ဆွမ်း/နေ့ဆွမ်း၊ဆွမ်းဟင်းကိုနိဗ္ဗာန်ဈေးဖော် ဆောင်ကာဘုဉ်းပေးနိုင်ရန်စီစဉ်ပေးခြင်းနဲ့လူပုဂ္ဂိုလ်တွေအတွက်စတုဒီသာဧည့်ခံကျွေးမွေးခြင်းတွေကိုပြုလုပ်ခဲ့ကြတယ်လို့သိရပါတယ်။

 

Related News