ဖန်ပြွန်သန္ဓေသားနည်းပညာဆိုင်ရာဟောပြောပွဲကို ဒီဇင်ဘာ(၁)ရက်က ရန်ကုန်မြို့ ဂရန်းဟန်သာဆေးရုံမှာ ပြုလုပ်ခဲ့ပါတယ်။ ဖန်ပြွန်သန္ဓေသားနည်းပညာဟာ ကမ္ဘာပေါ်မှာ လွန်ခဲ့တဲ့ (၁၉၇၈)နောက်ပိုင်းကစတင်ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး အချိန် ကြာလာတာနဲ့အညီ အောင်မြင်မှုရာခိုင်နှုန်းတွေလည်းတိုးတက်လာခဲ့တယ်လို့သိရပါတယ်။ ဖန်ပြွန်သန္ဓေသားနည်းနဲ့ ကလေးရယူနိုင်ဖို့အတွက် အမျိုးသမီးတစ်ဦးက အသက် (၃၅)နှစ်ဝန်းကျင်ရှိရင် အောင်မြင်မှုရာခိုင်နှုန်း(၆၀)ကျော်ရှိပြီး အသက်အရွယ်အလိုက် အောင်မြင်မှုနှုန်းကွဲပြားတယ်လို့ အဆိုပါ ဟောပြောပွဲက သိရပါတယ်။ဖန်ပြွန်သန္ဓေသားနည်းကို အောင်မြင်ဖို့အတွက် အိမ်ထောင်သည်တွေအနေနဲ့ အမျိုးသမီးကော အမျိုးသားပါ ဆေးလိပ် သောက်ခြင်းကို ရှောင်ကျဉ်ခြင်း၊ အရက်သောက်ခြင်းကို ရှောင်ကျဉ်ခြင်း၊ ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ခြင်းတွေအပြင် အမျိုးသမီးတွေအနေနဲ့ ဖောလစ်အက်စစ်ဆေးတစ်မျိုးကိုလည်း သောက်သုံးတာတွေ ပြုလုပ်ရမှာဖြစ်တယ်လို့ သိရပါတယ်။ဖန်ပြွန်သန္ဓေသားနည်းနဲ့ ကလေးရယူခြင်းက HIV ပိုးရှိနေသူ၊ B ပိုး ၊ C ပိုးရှိနေသူတွေအနေနဲ့ အသက်အရွယ်အားဖြင့် (၃၅)နှစ်နဲ့ ကိုက်ညီမှုရှိခြင်း၊ ကျန်းမာတဲ့မျိုးဥကို ထုတ်နိုင်တဲ့ စွမ်းအားရှိနေသေးရင် ဒီဖန်ပြွန်သန္ဓေသားနည်းပညာ နဲ့အောင်မြင်မှုနှုန်းရရှိနိုင်တယ်လို့  အဆိုပါဟောပြောပွဲက သိရပါတယ်။  

 

 

Related News