ရန်ကုန်မြို့တွင်းမှာပုဂ္ဂလိကသက်ကြီးဘိုးဘွားစောင့်ရှောက်ရေးဂေဟာတွေများစွာရှိလာပါတယ်။ ဒီဂေဟာတွေကို သားသမီးတွေနဲ့ ဝေးကွာနေတဲ့ သက်ကြီးဘိုးဘွားတွေ၊ လူမှုဘ၀စားဝတ်နေရေးအတွက် ရုန်းကန်နေရတဲ့ အခြေအနေ တွေကြားမှာ သက်ကြီးရွယ်အိုမိဘတွေကိုပြုစုစောင့်ရှောက်ဖို့ အချိန်မပေးနိင်တော့တဲ့အတွက် အခုလိုပုဂ္ဂလိကသက်ကြီး ဘိုးဘွားစောင့်ရှောက်မှုလုပ်ငန်းတွေတွင်ကျယ်လာတာပါ။ မြတ်မေတ္တာသက်ကြီးဘိုးဘွားများစောင့်ရှောက်ရေးဂေဟာကို(၂၀၁၃)ခုနှစ်ဧပြီလမှာစတင်တည်ထောင်ခဲ့ပြီး သက်ကြီး ဘိုးဘွားတွေကိုလက်ခံစောင့်ရှောက်ပေးနေတဲ့ ဂေဟာတစ်ခုဖြစ်ပါတယ်။ဒီဂေဟာမှာအသက်(၆၀)နှစ်ကနေ (၉၀)အရွယ်ရှိ သက်ကြီးဘိုးဘွား(၁၀)ဦးခန့်ကို အချိန်ပိုင်း၊ ရက်ပိုင်း၊ လပိုင်းဆိုပြီးလက်ခံပြုစုပေးနေတာဖြစ်ပြီး  ဘိုးဘွားတစ်ဦးကိုတစ်လ အတွက်ငွေကျပ်(၃)သိန်းပေးသွင်းရတယ်လို့သိရပါတယ်။

ဒီဂေဟာကိုစတင်တည်ထောင်ခဲ့တဲ့ အကြောင်းကို မြတ်မေတ္တာ သက်ကြီး ဘိုးဘွားစောင့်ရှောက်ရေးလုပ်ငန်း တည်ထောင်သူဒေါ်ခင်နွဲ့ရီက အခုလိုပြောပါတယ်။ဒီလုပ်ငန်းတွေမှာတစ်နေ့တာအဖြစ်နံနက်စာကျွေးမွေးခြင်း၊တစ်ကိုယ်ရေသန့်ရှင်းရေးလုပ်ဆောင်ပေးခြင်း၊ ကျန်းမာရေးအဖြစ် ကိုယ်လက်လေ့ကျင့်ခန်း ပြုလုပ်ပေးခြင်းတွေကို ဆောင်ရွက်ပေးနေပါတယ်။ သက်ကြီးဘိုးဘွား စောင့်ရှောက်မှုလုပ်ငန်း တွေဟာ ပရဟိတအလုပ်ကဲ့သို့စေတနာနဲ့လုပ်ကိုင်ရတဲ့ အလုပ် ဖြစ်တာကြောင့် ဒီလုပ်ငန်းတွေအတွက် သူနာပြုခေါ်ယူရာမှာ ဘိုးဘွားရိပ်သာတွေမှာလုပ်ကိုင်ခဲ့ဖူးပြီး လူကြီးသဘောသဘာဝကို နားလည်သူ၊ အညစ်အကြေးတွေကို မရွံရှာတတ်သူ ကြင်နာ သနားတတ်တဲ့သူတွေကိုအများဆုးံခေါ်ယူရတယ်လို့သိရပါတယ်။

အများဆုံးအနေနဲ့သားသမီးတွေနဲ့ တစ်နေရာစီ ဝေးကွာနေတဲ့အဘိုးအဘွားတွေကလပြတ်အဖြစ် လာရောက်အစောင့်အရှောက်ခံကြတာဖြစ်ပါတယ်။ မြတ်မေတ္တာ အဘိုး အဘွား ဂေဟာမှာ ပုံမှန်အစောင့်အရှောက်ခံနေတဲ့ အဘွားဒေါ်လှလှကတော့ သူလာရောက်ရတဲ့ အကြောင်းရင်းကို ခုလိုပဲ ပြောပါတယ်။ဂရုဏာရှင်သက်ကြီးဘိုးဘွားစောင့်ရှောက်မှုလုပ်ငန်းဟာလည်း သက်ကြီးဘိုးဘွားများကို လက်ခံစောင့်ရှောက်ပေးနေတဲ့ ပုဂ္ဂလိကဂေဟာတစ်ခုဖြစ်ပြီး ဒီဂေဟာမှာတော့ အဘိုးအဘွားအနည်းငယ်ကို လက်ခံစောင့်ရှောက်ပေးနေတယ်လို့ တည်ထောင်သူ ဒေါ်ခင်စိုးသိုက်ကပြောပါတယ်။

ဒီဂေဟာတွေပေါ်လာတာဟာသက်ကြီးရွယ်အိုတွေတစ်ဦးတည်းနေထိုင်ရတဲ့ဒုက္ခတွေကင်းဝေးသွားပြီးလုံခြုံမှုရှိတဲ့အတွက် သက်ကြီးရွယ်အိုတွေအတွက်အများကြီး အဆင်ပြေမှုရှိတယ်လို့သိရပါတယ်။ ခုလိုသက်ကြီးဘိုးဘွားစောင့်ရှောက်ရေး လုပ်ငန်းတွေဟာသူနာပြုသင်တန်းဆင်းတွေ၊သူနာပြုအကူတွေလုပ်ကိုင်ရတဲ့လုပ်ငန်းဖြစ်တဲ့ အတွက်အလုပ်အကိုင် အခွင့်အလမ်းအတွက် အများကြီး အထောက်အကူပြုတယ်လို့ သိရပါတယ်။အခုလိုသက်ကြီးဘိုးဘွားစောင့်ရှောက်မှုလုပ်ငန်းတွေပိုပြီးတွင်ကျယ်လာဖို့က နေရာအကျယ်အ၀န်းရှိဖို့အပြင် စိတ်ရှည်သည်း ခံတဲ့ သူနာပြုဝန်ထမ်းတွေရှိဖို့က အဓိကဖြစ်တယ်လို့ သိရပါတယ်။

 

 

Related News