ဧရာဝတီဘဏ်နှင့် စင်ကာပူအခြေစိုက်DBS Bank တို့ပူးပေါင်းပြီး ငွေပို့ငွေလွှဲစနစ် MOU ရေးထိုးပွဲကို ဒီဇင်ဘာ(၃)ရက်က Novotel Hotel မှာပြုလုပ်ခဲ့ပါတယ်။ ဒီငွေပို့ငွေလွှဲစနစ်ဟာ စင်ကာပူနိုင်ငံမှာအလုပ်လုပ်ကိုင်သူတွေနဲ့ နေထိုင်သူတွေအတွက် စင်ကာပူနိုင်ငံမှာရှိတဲ့ DBS Bank မှာ အကောင့်ဖွင့်ထားသူတွေ Online ကနေ ငွေပို့ငွေလွှဲ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ စင်ကာပူနိုင်ငံကနေ မြန်မာနိုင်ငံရှိ ဘဏ်တွေကို ငွေလွှဲတဲ့အခါမှာလည်း DBS Bank, POSB Bank ၀န်ဆောင်မှုသုံးစွဲသူတွေအနေနဲ့ DBS အင်တာနက်မိုဘိုင်း ဘဏ်လုပ်ငန်းစာမျက်နှာကို ၀င်ရောက်ပြီး ငွေလွှဲရမှာဖြစ်ပါတယ်။ ငွေပို့ငွေလွှဲပြုလုပ်တဲ့အခါမှာလည်း ဧရာဝတီဘဏ်တစ်ခုထဲ မဟုတ်ပဲ မြန်မာနိုင်ငံမှာရှိတဲ့ မည်သည့်ဘဏ်ကိုမဆို ပြုလုပ်လို့ရပြီး Online စနစ်ဖြစ်တာကြောင့် ငွေလွှဲလက်ခံချိန် နေ့လည် (၁၂)နာရီမတိုင်ခင် လွှဲပေးပါကတစ်ရက်ထဲနဲ့အပြီး လက်ခံမယ့် ဘဏ်စာရင်းထဲကိုလွှဲပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။ဧရာဝတီဘဏ်နှင့် DBS Bank အနေနဲ့ အခုလိုငွေပို့ငွေလွှဲစနစ်ကို ပထမဆုံးအကြိမ်ဆောင်ရွက်တာဖြစ်တယ်လို့ သိရပါ တယ်။ ဒီစနစ်ကိုပြီးခဲ့တဲ့(၂)ပတ်ထဲကစတင်လုပ်ဆောင်နေပြီဖြစ်ပြီး ၀န်ဆောင်မှုအနေနဲ့ လာမယ့်ဖေဖော်ဝါရီလအထိ ငွေပို့ ငွေလွှဲစနစ်အတွက် အခမဲ့ဝန်ဆောင်မှုပေးသွားမယ်လို့ သိရပါတယ်။DBS Bank ဟာလက်ရှိမှာ အာရှတိုက်ရှိ ဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်းတွေကို ဈေးကွက်ပေါင်း(၁၈)ခုမှာ ဘဏ်ခွဲပေါင်း (၂၈၀)ကျော်နဲ့ လုပ်ငန်းလုပ်ကိုင်လျှက်ရှိတယ်လို့သိရပါတယ်။ ဧရာဝတီဘဏ်အနေနဲ့လည်း ဘဏ်ခွဲပေါင်း(၂၃၄)ခုနဲ့ လုပ်ငန်းဆောင်ရွက်လျှက်ရှိတယ်လို့ သိရပါတယ်။

 

 

Related News