မြန်မာနိုင်ငံကအိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် (၁၉)ကြိမ်မြောက်အာဆီယံတက္ကသိုလ်များအားကစားပြိုင်ပွဲကို မြန်မာအားကစားအဖွဲ့ဝင်ရောက်ယှဉ်ပြိုင်ရာမှာ အောင်မြင်မှုရပြီး ဆုတံဆိပ်များရရှိဖို့အတွက် လေ့ကျင့်ပြင်ဆင် မှုတွေကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဒေါက်တာမြလေးစိန်၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာသာထွန်းကျော်နဲ့ တာဝန်ရှိသူများက မြန်မာအားကစားအဖွဲ့များက နေပြည်တော်မှာရှိတဲ့ အားကစား ရုံ၊ အားကစားကွင်း အသီးသီးမှာ လေ့ကျင့်ပြင်ဆင်မှုတွေကိုဒီဇင်ဘာလ (၃)ရက်ကလိုက်လံစစ်ဆေးခဲ့ပါတယ်။

ဒုတိယ၀န်ကြီးနဲ့အဖွဲ့ ပထမဦးဆုံးအဖြစ် နေပြည်တော် ပျဉ်းမနား-တောင်ညိုလမ်းမှာရှိတဲ့ ရိုးရာလှေနဲ့အနောက် တိုင်းလှေလှော်ပြိုင်ပွဲလက်ခံကျင်းပမယ့် ငလိုက်ဆည်ကိုကြည့်ရှု့ခဲ့ပြီး ပြိုင်ပွဲလက်ခံကျင်းပဖို့အတွက် လိုအပ် တာများကိုကြည့်ရှု့စစ်ဆေးခဲ့ပြီး မြန်မာ့လက်ရွေးစင်တက္ကသိုလ်လှေလှော် အားကစားသမားများ လေ့ကျင့် နေရာအထိလိုက် လံကြည့်ရှု့အားပေးစကားပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဒုတိယ၀န်ကြီးနဲ့အဖွဲ့က ညနေပိုင်းမှာ ပြေးခုန်ပစ်နဲ့ ဘောလုံးပြိုင်ပွဲလက်ခံကျင်းပမယ့် ၀ဏ္ဏသိဒ္ဓိအားကစားကွင်းမှာ လေ့ကျင့်ပြင်ဆင်နေတဲ့ မြန်မာ့ လက်ရွေးစင်တက္ကသိုလ်အားကစားသမားတွေရဲ့ လေ့ကျင့်မှုကိုကြည့်ရှု့ခဲ့ပြီး ကျန်းမာရေးအထောက်အကူပြု အဖွဲ့နဲ့ တားမြစ်ဆေးစစ်ဆေးရေးအဖွဲ့တို့နဲ့ တွေ့ဆုံကာ လိုအပ်တာများကိုလမ်းညွှန်မှာကြားခဲ့ပါတယ်။

ဆက် လက်ပြီး ဒုတိယ၀န်ကြီးနဲ့အဖွဲ့က မြန်မာ့လက်ရွေးစင်တက္ကသိုလ်ရေကူးအားကစားသမားများ၊ ၀ူရှူးအားကစား သမားများ၊ ဘော်လီဘော အားကစားသမားများ၊ ကြက်တောင်အားကစားသမားများရဲ့ လေ့ကျင့်ပြင်ဆင်မှုတွေ အပြင်တစ်ခြားအားကစားနည်းတွေရဲ့လေ့ကျင့်ပြင်ဆင်မှုကို ကြည့်ရှု့ခဲ့ပါတယ်။ASEAN University Games 2018 ပြိုင်ပွဲကို မြန်မာနိုင်ငံက နေပြည်တော်မှာ အိမ်ရှင်အဖြစ် ဒီဇင်ဘာ (၁၀) ရက် ကနေ (၁၉)ရက်အထိ လက်ခံကျင်းပသွားမှာဖြစ်ပါတယ်။ 

 

 

Related News