ပထမအကြိမ်ရန်ကုန်အပြည်ပြည်ဆိုင်ရာမော်တော်ယာဉ်ပြပွဲ(၂၀၁၉)ကိုလာမယ့်ဇန်န၀ါရီလမှာကျင်းပသွားမယ်လို့ဒီဇင်ဘာလ(၄)ရက်ကNovotel ဟိုတယ်မှာ ပြုလုပ်တဲ့ MOU ရေးထိုးပွဲနဲ့သတင်းစာရှင်းလင်းပွဲမှသိရပါတယ်။ပထမအကြိမ်ရန်ကုန်အပြည်ပြည်ဆိုင်ရာမော်တော်ယာဉ်ပြပွဲ(၂၀၁၉)ကို ထိုင်းနိုင်ငံအခြေစိုက် Grand Prix International Public Company Limited (GPI Myanmar Company Limited)နဲ့ မြန်မာနိုင်ငံအော်တိုမိုးတစ်(ဖ်)အသင်းတို့ပူးပေါင်းပြုလုပ်မှာဖြစ်ပါတယ်။ဒီမော်တော်ယာဉ်ပြပွဲကို နိုင်ငံတကာအဆင့်မှီတဲ့ပြပွဲတစ်ခုအဖြစ် ဇန်န၀ါရီလ(၂၃)ရက်ကနေ(၂၇)ရက်အထိ Yangon Convention Center မှာပြုလုပ်သွားမှာဖြစ်ပါတယ်။မော်တော်ယာဉ်ကုမ္ပဏီပေါင်း(၂၀)ကျော်မှ BMW ၊ Volvo ၊ Toyota ၊ Suzuki ၊ Land Rover ၊ Nissan ၊ Ford အစရှိတဲ့ မော်တော်ယာဉ်အမျိုးအစားမျိုးစုံကို ခင်းကျင်းပြသသွားမှာဖြစ်ပါတယ်။ပြပွဲမှာမော်တော်ယာဉ်တွေကို စမ်းသပ်မောင်းနှင်ခြင်းတွေကိုလည်း ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။ဒီပြပွဲကို မြန်မာနိုင်ငံအတွင်းမော်တော်ယာဉ်နဲ့ဆက်စပ်တဲ့အခန်းကဏ္ဍတွေကို ဖွံ့ဖြိုးတိုးတက်မှုရရှိစေဖို့အတွက် ရည်ရွယ်ကျင်းပမှာဖြစ်ပြီး ပြပွဲကာလအတွင်းမှာ လာရောက်ဝယ်ယူသူတွေအတွက်လည်း ဈေးနှုန်းသက်သာစွာနဲ့ဝယ်ယူနိုင်အောင်လည်းပြုလုပ်ပေးသွားမယ်လို့ သိရပါတယ်။

 

 

Related News