ရန်ကုန်မြို့တွင်းမှာပုဂ္ဂလိကသက်ကြီးဘိုးဘွားစောင့်ရှောက်ရေးဂေဟာတွေများစွာရှိလာပါတယ်။ ဒီဂေဟာတွေကို သားသမီးတွေနဲ့ ဝေးကွာနေတဲ့ သက်ကြီးဘိုးဘွားတွေ၊ လူမှုဘ၀စားဝတ်နေရေးအတွက် ရုန်းကန်နေရတဲ့ အခြေအနေတွေကြားမှာ သက်ကြီးရွယ်အိုမိဘတွေကိုပြုစုစောင့်ရှောက်ဖို့ အချိန်မပေးနိုင်တော့တဲ့အတွက် အခုလိုပုဂ္ဂလိကသက်ကြီးဘိုးဘွားစောင့်ရှောက်မှုလုပ်ငန်းတွေ တွင်ကျယ်လာတာပါ။

မြတ်မေတ္တာသက်ကြီးဘိုးဘွားများစောင့်ရှောက်ရေးဂေဟာကို(၂၀၁၃)ခုနှစ်ဧပြီလမှာစတင်တည်ထောင်ခဲ့ပြီး သက်ကြီးဘိုးဘွားတွေကိုလက်ခံစောင့်ရှောက်ပေးနေတဲ့ ဂေဟာတစ်ခုဖြစ်ပါတယ်။ ဒီဂေဟာမှာအသက်(၆၀)နှစ်ကနေ(၉၀)အရွယ်ရှိ သက်ကြီးဘိုးဘွား(၁၀)ဦးခန့်ကို အချိန်ပိုင်း၊ ရက်ပိုင်း၊ လပိုင်းဆိုပြီး လက်ခံပြုစုပေးနေတာဖြစ်ပြီး  ဘိုးဘွားတစ်ဦးကိုတစ်လအတွက်ငွေကျပ်(၃)သိန်းပေးသွင်းရတယ်လို့သိရပါတယ်။

ဒီဂေဟာကိုစတင်တည်ထောင်ခဲ့တဲ့အကြောင်းကို မြတ်မေတ္တာသက်ကြီး ဘိုးဘွားစောင့်ရှောက်ရေးလုပ်ငန်း တည်ထောင်သူဒေါ်ခင်နွဲ့ရီက အခုလိုပြောပါတယ်။ဒီလုပ်ငန်းတွေမှာတစ်နေ့တာအဖြစ်နံနက်စာကျွေးမွေးခြင်း၊တစ်ကိုယ်ရေသန့်ရှင်းရေးလုပ်ဆောင်ပေးခြင်း၊ ကျန်းမာရေးအဖြစ် ကိုယ်လက်လေ့ကျင့်ခန်း ပြုလုပ်ပေးခြင်းတွေကို ဆောင်ရွက်ပေးနေပါတယ်။ သက်ကြီးဘိုးဘွား စောင့်ရှောက်မှုလုပ်ငန်းတွေဟာပရဟိတအလုပ်ကဲ့သို့စေတနာနဲ့လုပ်ကိုင်ရတဲ့ အလုပ် ဖြစ်တာကြောင့် ဒီလုပ်ငန်းတွေ အတွက်သူနာပြုခေါ်ယူရာမှာဘိုးဘွားရိပ်သာတွေမှာလုပ်ကိုင်ခဲ့ဖူးပြီး လူကြီးသဘောသဘာဝကို နားလည်သူ၊ အညစ်အကြေးတွေကို မရွံရှာတတ်သူ ကြင်နာ သနားတတ်တဲ့သူတွေကိုအများဆုးံခေါ်ယူရတယ်လို့သိရပါတယ်။

အများဆုံးအနေနဲ့သားသမီးတွေနဲ့တစ်နေရာစီဝေးကွာနေတဲ့အဘိုးအဘွားတွေကလပြတ်အဖြစ် လာရောက်အစောင့်အရှောက်ခံကြတာဖြစ်ပါတယ်။ မြတ်မေတ္တာအဘိုးအဘွားဂေဟာမှာ ပုံမှန်အစောင့်အရှောက်ခံနေတဲ့ အဘွားဒေါ်လှလှကတော့ သူလာရောက်ရတဲ့ အကြောင်းရင်းကို ခုလိုပဲပြောပါတယ်။ဂရုဏာရှင်သက်ကြီးဘိုးဘွားစောင့်ရှောက်မှုလုပ်ငန်းဟာလည်း သက်ကြီးဘိုးဘွားများကို လက်ခံစောင့်ရှောက်ပေးနေတဲ့ ပုဂ္ဂလိကဂေဟာတစ်ခုဖြစ်ပြီး ဒီဂေဟာမှာတော့ အဘိုးအဘွားအနည်းငယ်ကိုလက်ခံစောင့်ရှောက်ပေးနေတယ်လို့တည်ထောင်သူဒေါ်ခင်စိုးသိုက်ကပြောပါတယ်။

ဒီဂေဟာတွေပေါ်လာတာဟာသက်ကြီးရွယ်အိုတွေတစ်ဦးတည်းနေထိုင်ရတဲ့ဒုက္ခတွေကင်းဝေးသွားပြီးလုံခြုံမှုရှိတဲ့အတွက်သက်ကြီးရွယ်အိုတွေအတွက်အများကြီးအဆင်ပြေမှုရှိတယ်လို့သိရပါတယ်။ခုလိုသက်ကြီးဘိုးဘွားစောင့်ရှောက်ရေးလုပ်ငန်းတွေဟာသူနာပြုသင်တန်းဆင်းတွေ၊သူနာပြုအကူတွေလုပ်ကိုင်ရတဲ့လုပ်ငန်းဖြစ်တဲ့အတွက်အလုပ်အကိုင်အခွင့်အလမ်းအတွက်အများကြီး အထောက်အကူပြုတယ်လို့သိရပါတယ်။အခုလိုသက်ကြီးဘိုးဘွားစောင့်ရှောက်မှုလုပ်ငန်းတွေပိုပြီးတွင်ကျယ်လာဖို့ကနေရာအကျယ်အ၀န်းရှိဖို့အပြင် စိတ်ရှည်သည်းခံတဲ့သူနာပြုဝန်ထမ်းတွေရှိဖို့က အဓိကဖြစ်တယ်လို့ သိရပါတယ်။

 

 

Related News