ဒီဇင်ဘာ ၄ ရက်ညနေပိုင်းက ရွှေဈေးအတက်အကျဖြစ်သွားပေမယ့် လက်လီရွှေထည်ဈေးကွက်မှာတော့ အရောင်းအဝယ် ပုံမှန်အခြေအနေရှိတယ်လို့ ရွှေဆိုင်လုပ်ငန်းရှင်တွေက ပြောပါတယ်။ ဒီဇင်ဘာလအစပိုင်းရက်မှာ ရွှေဈေး ၁၆ပဲရည်တစ်ကျပ်သားကို ငွေကျပ်ဆယ်သိန်းကျော်ပေါက်ဈေးရှိရာကနေ ဒီဇင်ဘာလ ၄ ရက်က ကိုးသိန်းရှစ်သောင်းအထိ ကျသွားခဲ့ပြီး အဲ့ဒီညနေပိုင်းမှာပဲ ရွှေဈေးဆယ်သိန်းဝန်းကျင် ပြန်တက်သွားတယ်လို့သိရပါတယ်။ ဒီလိုရွှေဈေးအတက်အကျ ကြမ်းသွားပေမယ့် လက်လီရောင်းဝယ်နေတဲ့ ရွှေအထည်ဈေးကွက်ကို သက်ရောက်တာမရှိသေးဘူးလို့ ရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။ ဒီဇင်ဘာလ(၅)ရက်မှာတော့ ရွှေဈေးက ဆယ်သိန်းဝန်းကျင်မှာရပ်တန့်နေပြီး ရွှေဈေး ပြန်လည်ငြိမ်သက်သွားရင်တော့ အရောင်းအဝယ်ကောင်းလာဖို့ မျှော်လင့်ထားတယ်လို့ ပြောပါတယ်။ 

ဒီဇင်ဘာလ(၅)ရက် ရန်ကုန်မြို့ရွှေဈေးကွက်မှာ လက်ဝတ်ရတနာရွှေဖြစ်တဲ့(၁၅)ပဲရည် တစ်ကျပ်သားကို (၉)သိန်း(၄)သောင်းဝန်းကျင်ရှိပြီး (၁၆)ပဲရည်အခေါက်ရွှေတစ်ကျပ်သားကို ငွေကျပ် (၁၀)သိန်း(၈)ထောင်ပေါက်ဈေးရှိနေတယ်လို့ သိရပါတယ်။ ကမ္ဘာ့ရွှေဈေးကွက်မှာတော့ တစ်အောင်စကို အမေရိကန်ဒေါ်လာ(၁၂၀၀)ကနေ (၁၃၀၀)ပေါက်ဈေးရှိနေပါတယ်။

 
 

Related News