ပညာပေးဇာတ်လမ်းတွဲဖြစ်တဲ့“အိမ်မက်တွေအရောက်သွားစို့”ဇာတ်လမ်းတွဲကို  စက်တင်ဘာလ(၂၉)ရက်က စတင်ပြီး ပြသနေပြီဖြစ်တယ်လို့ ဒီဇင်ဘာလ(၅)ရက်က ရန်ကုန်မြို့တယ်လီနောမြန်မာရုံးချုပ်မှာပြုလုပ်ခဲ့တဲ့  ဇာတ်လမ်းတွဲမိတ်ဆက်ပွဲမှသိရပါတယ်။ 
“အိမ်မက်တွေဆီအရောက်သွားစို့”ဇာတ်လမ်းတွဲကို တယ်လီနောမြန်မာနဲ့ MIDO(မီဒို)တို့ ပူးပေါင်းပြီးရိုက်ကူးတာဖြစ်ပြီး  ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာ လုပ်ဆောင်နိုင်စွမ်းများပိုမိုတိုးတက်လာစေဖို့နဲ့ မြို့ပြနဲ့ကျေးလက်ရှိပြည်သူတွေကို မိုဘိုင်းဖုန်းအသုံးပြုပြီး အခြေခံဒစ်ဂျစ်တယ်နည်းပညာကျွမ်းကျင်မှုသင်တန်းတွေ ပေးအပ်နိုင်ဖို့ ရည်ရွယ်ပြီး လူမှုအကျိုးပြုကဏ္ဍတစ်ရပ် အဖြစ် ရိုက်ကူးတင်ဆက်တာဖြစ်တယ်လို့သိရပါတယ်။

“အိမ်မက်တွေဆီအရောက်သွားစို့”ဇာတ်လမ်းတွဲ ကို ဒါရိုက်တာဧဒင်က တာဝန်ရိုက်ကူးထားတာဖြစ်ပြီး အဓိကသရုပ်ဆောင်များအဖြစ် ဒေါင်းဝေ၊၀ီလျှံထွန်း(Project K)၊မိုးပွင့်ဖြူ တို့က ပါဝင်ထားပြီး အခြားသော သရုပ်ဆောင်များ လဲပါဝင်ထားတယ်လို့ သိရပါတယ်။ဒီဇာတ်လမ်းတွဲက ကျေးလက်နေလူငယ်သုံးဦးကို ဇာတ်အိမ် တည်ထားတာဖြစ်ပြီး ဒစ်ဂျစ်တယ်သင်ခန်းစာများဖြစ်တဲ့ မိုဘိုင်းဖုန်းအသုံးပြုနည်းနဲ့ အင်တာနက်ကို ဘေးကင်းလုံခြုံအောင် အသုံးပြုနိုင်မယ့်နည်းလမ်းတွေကိုမျှဝေပေးအောင် ရိုက်ကူးပြသထားတယ်လို့ သိရပါတယ်။ အိမ်မက်တွေဆီအရောက်သွားစို့”ဇာတ်လမ်းတွဲကို အပိုင်း(၃၀) ပြသမှာဖြစ်ပြီး အပိုင်းတစ်ပိုင်းကို ၅မိနစ်ခန့် ကြာမြင့်တယ်လို့ သိရပါတယ်။ဒီဇတ်လမ်းတွဲကို အပတ်စဉ် စနေနေ့တိုင်း တယ်လီနော်မြန်မာရဲ့တရားဝင် Facebookစာမျက်နှာ၊ Youtube နဲ့ WowBox တို့မှာကြည့်ရှုနိုင်တယ်လို့ သိရပါတယ်။


 

Related News