အိုကီနာဝါစီရင်စုမှာ အမေရိကန်စစ်အခြေစိုက်စခန်းဆောက်မှာကို ဒေသခံတွေက ကန့် ကွက်နေပေမဲ့ အစိုးရက တရားမ၀င်ဆက်လုပ်နေတာကြောင့် ဒေသခံတွေက ဆန္ဒပြခဲ့ပါတယ်။ ကမ်းလွန်ပင်လယ်ပြင်မှာ မြေဖို့ဖို့ပြင်ဆင်တာကို ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနကပြန်လည်ခွင့်ပြုပေးလိုက်တာကြောင့် အိုကီနာဝါ စီရင်စုထဲ အမေရိကန်လေတပ်အခြေစိုက်စခန်းရွှေ့ပြောင်းမယ့်အစီအစဉ်ကိုဆန့်ကျင်တဲ့ ဟီနိုကိုမြို့ခံတွေကဆန္ဒပြခဲ့ပါတယ်။ ဒီ ဇင်ဘာလ(၅)ရက်နေ့လည်ပိုင်းကတည်းက အိုကီနာဝါစီရင်စု၊ နာဂိုမြို့က ပုဂ္ဂလိကပိုင်ဆိပ်ခံတံတားတစ်ခုမှာ မြေကြီးနဲ့သဲတွေ သယ်လာတဲ့ကုန်တင်ကားတွေ တစ်စင်းပြီးတစ်စင်းရောက်လာပါတယ်။ 

မြေကြီးနဲ့သဲတွေကို ရွေ့လျားစင်တွေကတစ်ဆင့် စောင့် နေတဲ့သင်္ဘောတွေပေါ်တင်ခဲ့တာပါ။ ဆိပ်ခံတံတားထဲကုန်တင်ကားတွေဝင်လာတာရပ်ဖို့ လူ(၅၀)လောက်ဆန္ဒပြခဲ့ကြပါတယ်။ ဒီဖြစ်ရပ်ကြောင့် ဆန္ဒပြသူတွေနဲ့ရဲတပ်ဖွဲ့တို့ကြား ထိပ်တိုက်တွေ့ခဲ့ပါသေးတယ်။ ဂျပန်နိုင်ငံဟာ တရားဥပဒေစိုးမိုးတဲ့နိုင်ငံတစ်နိုင် ငံဖြစ်နေတာတောင် တရားမ၀င်ဆောက်လုပ်နေတာကို ဂျပန်ဗဟိုအစိုးရကဆက်လုပ်နေတဲ့အတွက် စိတ်ပျက်မိတယ်လို့ နာဟာ မြို့ခံအသက်(၇၀)၀န်းကျင်အမျိုးသား(၁)ဦးကပြောပါတယ်။ ဂျပန်အစိုးရကိုအဲဒီလိုလုပ်ခွင့်မပေးဘူးလို့လည်း သူကပြောပါတယ်။

 

Related News