ကယားပြည်နယ်ရဲ့ အစားအစာတစ်ခုဖြစ်တဲ့ ကယားဝက်အူချောင်းဟာ အရင်နှစ်တွေက ရောင်းအားနည်းပေမယ့် အခုနှစ်မှာတော့ ပြည်တွင်းခရီးသွားဧည့်သည်တွေ လာရောက်မှုပိုမိုများပြားလာတာကြောင့် ကယားဝက်အူချောင်းဈေးကွက် ပိုမိုတွင်ကျယ်လာတယ်လို့သိရပါတယ်။ ကယားဝက်အူချောင်းက ကယားပြည်နယ်ရဲ့ နာမည်ကြီအစားအစာတခုဖြစ်ပါတယ် ။ အခုလိုနာမည်ကြီးတဲ့ ကယားဝက်အူချောင်းကို ဒေသခံတွေ ကိုယ်တိုင်ပြုလုပ်ရောင်းချတာဖြစ်ပါတယ်။အခုလိုကိုယ်တိုင်ပြုလုပ်ရောင်းချနေသူထဲမှာ ကယန်းလူမျိုးဖြစ်တဲ့ ဒေါ်ထွေးဇာကလည်း တစ်ယောက်အပါအဝင်ပါ။

သူမက ဝက်အူချောင်းလုပ်ငန်းကို (၂၀၀၀)ခုနှစ်ကတည်းက ကိုယ်တိုင်ပြုလုပ်ရောင်းချလာတာဖြစ်ပြီး  အခုဆို (၁၈)နှစ်ရှိပြီ ဖြစ်တယ်လို့ ကယားဝက်အူချောင်းရောင်းချသူ ဒေါ်ထွေးဇာက အခုလိုပြောပါတယ်။ကယားဝက်အူချောင်းကို အရင်ကစားသုံးသူနည်းပေမယ့် အခု(၂၀၁၈)ခုနှစ်မှာတော့ စားသုံးသူများပြားလာတယ်လို့သိရပါတယ်။ကယားဝက်အူချောင်းကို ဒေသခံတွေက ၃ပုံ၁ပုံသာ စားသုံးကြပြီး ပြည်တွင်း/ပြည်ပခရီးသွားဧည့်သည်တွေအများဆုံးဝယ်ယူတာကြောင့် ပိုမိုရောင်းချ လာရတာဖြစ်တယ်လို့ ဒေါ်ထွေးဇာက အခုလိုပြောပါတယ်။

ကယားဝက်အူချောင်းပြုလုပ်ရာမှာ  ဝက်သား၊ကြက်သွန်ဖြူ၊ နနွင်းမှုန့်၊မက်ခါသီး၊ ဆန်အရက်၊ငရုတ်သီး၊ဆား၊အစရှိတာတွေ ပါဝင်တာဖြစ်ပါတယ်။ဈေးနှုန်းအနေနဲ့တစ်ပိသာကို ငွေကျပ်(၃၀၀၀၀) သတ်မှတ်ထားပြီး (၅၀)ကျပ်သားကို ငွေကျပ်(၁၅၀၀၀)နဲ့ နှစ်ဆယ့်ငါးကျပ်သားကို ငွေကျပ် (၇၅၀၀)ကျပ် သတ်မှတ်ရောင်းချနေတာဖြစ်ပါတယ်။လက်ရှိမှာတော့ ကယားဝက်အူချောင်းကို ကယားပြည်နယ်အပြင် ရန်ကုန်၊မန္တလေး၊ ပြင်ဦးလွင်အစရှိတဲ့နေရာတွေကိုလည်း လက်လီ /လက်ကား ဖြန့်ဖြူးရောင်းချနေရတယ်လို့သိရပါတယ်။

 

 

 

 

Related News