စာရေးဆရာ ချစ်ဦးညို ရဲ့ "လင်္ကာဒီပချစ်သူ" ၀တ္ထုကို စင်တင်ပြဇာတ် အဖြစ် တင်ဆက်ရန်အတွက် ရန်ကုန်၊ နာရေးကူညီမှုအသင်း မှာ ပြဇာတ် တိုက်ခဲ့ကြပါတယ်။ ဒီဇင်ဘာ(၁၄)ရက်နေ့နဲ့ (၁၅)ရက်တွေမှာတော့ မန္တလေးမြို့ ရှိ အမျိုးသား ကဇာတ်ရုံမှာ ကပြ ဖျော်ဖြေသွားဖို့အတွက် အဆင်သင့်ဖြစ်နေကြပြီလည်း ဖြစ်ပါတယ်။လင်္ကာဒီပချစ်သူပြဇာတ်ကြီးတွင် ဒဿဂီရိအဖြစ် လူမင်း၊ မာရဇ္ဇအဖြစ် ဦးမိုးဝင်း၊ ဘိဘိသနအဖြစ် ဟန်ဇာမိုးဝင်း၊ ရာမအဖြစ် ခါရာ၊ လက္ခဏအဖြစ် တိုင်ရွန်၊ မယ်သီတာအဖြစ် ဝတ်မှုံရွှေရည်တို့က သရုပ်ဆောင်တင်ဆက်သွားကြမှာ ဖြစ်ပါတယ်။

ပြဇာတ်ဒါရိုက်တာတွေအဖြစ် မောင်သီနဲ့တွဲဖက်ဒါရိုက်တာ လင်္ကာညို ၊ ဇာတ်ညွှန်းကိုတော့ သန်းထိုက်(ရွှေရိပ်)တို့ က ရေးသားပေးခဲ့တာ ဖြစ်ပါတယ်။ လင်္ကာဒီပချစ်သူပြဇာတ်နဲ့ ပတ်သက်ပြီး မာရဇ္ဇအဖြစ်ပါဝင်သရုပ်ဆောင်သွားမယ့် ဦးမိုးဝင်းက သရုပ်ဆောင်တင်ဆက်မှု အကြောင်းတွေကို အခုလို ပြောပြမှာပါ။လင်္ကာဒီပချစ်သူပြဇာတ်မှာ ပါဝင်ကပြကြမယ့် သရုပ်ဆောင်တွေထဲမှာ ပြဇာတ်ကို ကပြဖူးတဲ့ သရုပ်ဆောင်တွေ ပါဝင်သလို ပြဇာတ်နဲ့ ပတ်သက်ပြီး အတွေ့အကြုံမရှိသေးတဲ့ သရုပ်ဆောင်တွေလည်းပါဝင်ပါတယ်။

အဲ့ဒီ့ထဲက မှ ရာမအဖြစ်သရုပ်ဆောင်သွားမယ့် ခါရာအနေနဲ့ကတော့ အတွေ့အကြုံမရှိပေမဲ့ ရာမနေရာကို သေချာပိုင်နိုင်အောင် လေ့ကျင့်မှုတွေ များစွာလုပ်ဆောင်ခဲ့သလို အရင်ဇာတ်တော်တွေကို လည်း လေ့လာခဲ့ရတယ်လို့ သရုပ်ဆောင်ခါရာက ပြောပါတယ်။ဒီပွဲကိုတော့ Mandalay Entertainment က စီစဉ်ဆောင်ရွက်တာဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး လှုမှုရေးနှင့် သဘာဝဘေး အန္တရာယ်ကာကွယ်စောင့်ရှောက်ရေး ရန်ပုံငွေပွဲအဖြစ်ကပြသွားမှာ ဖြစ်ပါတယ်။

ဒီလိုပရဟိတ ပွဲမှာ ပါဝင်ခွင့်ရတဲ့ အပေါ် မဟာရန်ကုန်စံပြသဘင်မှ ဇာတ်မင်းသားကိုဟန်ဇာမိုးဝင်းက အခုလိုပြောပြခဲ့ပါတယ်။ zလင်္ကာဒီပချစ်သူပြဇာတ်ရဲ့ လက်မှတ်ခတွေကတော့ ခုနှစ်ထောင်ကျပ်၊ တစ်သောင်းခွဲ၊ သုံးသောင်းနဲ့ ငါးသောင်းကျပ်တွေနဲ့ ရောင်းချပေးသွားမှာ ဖြစ်ပြီး ရရှိလာတဲ့ အကျိုးအမြတ်တွေကို ပြန်လည်လှူဒါန်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

 

 

Related News