ပြင်သစ်နိုင်ငံမြို့တော်ပဲရစ်မှာ လောင်စာဆီဈေးနှုန်းမြင့်တက်မှုနဲ့ပတ်သက်လို့ ဆန္ဒပြမှုတွေရှိခဲ့ပြီး နောက် ထပ်အဓိကရုဏ်းတွေဖြစ်လာမှာစိုးရိမ်တာကြောင့် ဒီဇင်ဘာလ(၈)ရက်မှာ အီဖယ်မျှော်စင်ကိုပိတ်ထားမယ်လို့ ပြင်သစ်ဝန် ကြီးချုပ်ကပြောပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ပြင်သစ်နိုင်ငံတစ်ဝန်းမှာ အစိုးရဆန့်ကျင်ဆန္ဒပြမှုတွေရှိခဲ့ပြီး မြို့ထဲကလမ်းတွေမှာ အဓိကရုဏ်းတွေဖြစ်လာမှာ စိုးရိမ်တဲ့အတွက် ဒီဇင်ဘာလ(၈)ရက်မှာ ပဲရစ်မြို့က အီဖယ်မျှော်စင်ကိုပိတ်ထားမယ်လို့ ပြင်သစ်ဝန်ကြီးချုပ်“အက်ဒွါ့ ဖီလစ်ပေး” ကပြောပါတယ်။ ပြင်သစ်နိုင်ငံတစ်ဝန်းမှာ ရဲတပ်ဖွဲ့ဝင်(၈)သောင်း(၉)ထောင်တာဝန်ကျနေမှာဖြစ်ပြီး ပဲရစ်မြို့မှာလည်း သံချပ်ကာ ယာဉ်တွေနေရာချထားမယ်လို့လည်းကြေညာပါတယ်။

ချန့်ပ်စ်အယ်စီးစ်ရိပ်သာလမ်းပေါ်က ဈေးဆိုင်တွေ၊ စားသောက်ဆိုင်တွေနဲ့ ပြတိုက်တချို့ကိုပိတ်ထားဖို့ ပြင်သစ်ရဲတပ်ဖွဲ့ကတိုက်တွန်းထားပါတယ်။ ပြီးခဲ့တဲ့ဒီဇင်ဘာလ(၁)ရက်မှာ ပြင်သစ်နိုင်ငံရဲ့ဆယ်စုနှစ် တစ်ခုအတွင်း အဆိုးဆုံးအဓိကရုဏ်းဖြစ်ပွားခဲ့ပါတယ်။ လောင်စာဆီအခွန်တိုးကောက်မယ့်ကိစ္စကို ပြင်သစ်နိုင်ငံသားတွေကဆန့် ကျင်ဆန္ဒပြခဲ့ကြတာကြောင့် (၂၀၁၉)ရသုံးငွေစာရင်းကနေ အခွန်တိုးကောက်ဖို့ ပြန်ရုပ်သိမ်းလိုက်ပြီလို့ ဖိလစ်ပေးက ဒီဇင် ဘာလ(၄)ရက်မှာကြေညာခဲ့ပါတယ်။ နောက်ထပ်ဆန္ဒပြမှုတွေရှိခဲ့ရင်လည်း အဲဒီဆန္ဒပြသူတွေကိုအလျော့ပေးဖို့ ပြင်သစ်ဆီးနိတ် လွှတ်တော်ကို ဖိလစ်ပေးကအကြံပြုထားပြီး လုပ်ခလစာနည်းတဲ့အလုပ်သမားတွေကို အကူအညီပေးရေးအတွက် အစီအစဉ်သစ် တွေကိုဖွင့်ချပေးဖို့လည်း ဖိလစ်ပေးကအကြုံပြုထားပါတယ်။

 

 

 

Related News