Lumbini Academy ကျောင်းက ဦးစီးပြီး (၈)ကြိမ်မြောက်ပြုလုပ်တဲ့  Science & Arts Fair ပွဲကို ဒီဇင်ဘာလ(၇)ရက်က သမာဓိလမ်း ၊သင်္ဃန်းကျွန်းမြို့နယ်၊ Lumbini Academy ကျောင်းမှာပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အခုပြုလုပ်တဲ့ Science & Arts Fair ပွဲမှာတော့ သိပ္ပံလက်တွေ့လုပ်ဆောင်ချက်များသာမက ပန်းချီအနုပညာနဲ့ အခြားဘာသာရပ်ဆိုင်ရာကျွမ်းကျင်မှုတွေကိုပြသခဲ့တာဖြစ်ပါတယ်။ ဒီပွဲကိုတော့ ကျောင်းသား/ကျောင်းသူတွေရဲ့ မတူညီတဲ့ အရည်အသွေးတွေကိုဖော်ထုတ်ပြနိုင်ခြင်းအပြင် ကလေးငယ်တွေရဲ့ လုပ်ဆောင်နိုင်မှုစွမ်းရည်ကိုဖော်ထုတ်ပြခြင်း၊ စိတ်အားတက်ကြွပြီး လုပ်ကိုင်ချင်စိတ်ကို မြှင့်တင်ပေးနိုင်ခြင်းစတဲ့ ရည်ရွယ်ချက်တွေနဲ့ ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။

Science & Arts Fair မှာ ကျောင်းသား/ကျောင်းသူတွေ စူးစမ်းရှာဖွေတွေ့ရှိလာမှုတွေကို သိပ္ပံနည်းကျကျလုပ်ဆောင်ထားတဲ့ နည်းစနစ်ကျကိရိယာတွေရဲ့ အကြောင်းအရာတွေကို ရှင်းလင်းတင်ပြခြင်း၊ ကျောင်းသား/ကျောင်းသူတွေမှ တေးသီချင်းများနဲ့ ဖျော်ဖြေတင်ဆက်ခြင်း၊ တက်ရောက်လာသူများမှ ပြခန်းအတွင်းလှည့်လည်ကြည့်ရှုမေးမြန်းခြင်းတွေပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။အခုပြုလုပ်တဲ့ Science & Arts Fair ပွဲကို ကျင်းပတာ (၈)ကြိမ်မြောက်ရှိပြီး ပထမဆုံးကျင်းပတဲ့ (၂)ကြိမ်မှာတော့ Science Fair အနေနဲ့ ကျင်းပခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာတော့း Science & Arts Fair ဆိုပြီးကျင်းပခဲ့တာလို့သိရပါတယ်။ 

 

 

Related News