အကြိမ်(၃၀)မြောက် မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ မသန်စွမ်းသူများအားကစားပြိုင်ပွဲနဲ့(၁၅)ကြိမ်မြောက် ဥာဏ် ရည်မမှီအားကစားပြိုင်ပွဲကို ဒီဇင်ဘာလ (၅)ရက်က မြောက်ဒဂုံမသန်စွမ်းအားကစားအဖွဲ့ချူပ်မှာကျင်းပခဲ့ပါ တယ်။အခု ပြိုင်ပွဲကို တိုင်းနဲ့ပြည်နယ်မှ အားကစားသမားပေါင်း ( ၈၀၀)နီးပါးလာရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ အရင်နှစ်ပြိုင်ပွဲများမျာ ၀င်ရောက်ယှဉ်ပြိုင်သူကစားသမား (၅၀၀)ကျော်သာရှိပေမဲ့လည်း အခုနှစ်မှာ လာရောက် ယှဉ်ပြိုင်သူဦးရေ သိသိသာသာများပြားခဲ့ပါတယ်။လာရောက်ယှဉ်ပြိုင်တဲ့ အားကစားသမားတွေရဲ့စားဝတ်နေ ရေးကိုလည်း မြန်မာနိုင်ငံမသန်စွမ်းအဖွဲ့ချူပ်ကတာဝန်ယူအကုန်ကျခံပေးနေတာလည်းဖြစ်ပါတယ်။
အခုကျင်းပနေတဲ့ပြိုင်ပွဲမှာ ပြေးခုန်ပစ် ၊ ဘိုးလင်း ၊ ကြက်တောင် ၊ စစ်တုရင် ၊ Gold Ball ၊ ဘိုစီယာ ၊ ဘီးတပ်ဘတ်စကက်ဘော ၊ ထိုင်လျက်ဘော်လီဘော ၊ မြှားပစ် ၊ အလေးမ ၊ စားပွဲတင်တင်းနစ် ၊ ခုနှစ်ယောက် တစ်ဖက်ဘောလုံး ၊ ရေကူး ၊ ဂေါက်သီးရိုက်အားကစားပြိုင်ပွဲ ပါဝင်ပါတယ်။ ပြိုင်ပွဲမှ ထူးချွန်တဲ့ ကစားသမားများ ကိုရွေးချယ်ပြီး ၂၀၁၉ ခုနှစ် ဖိလစ်ပိုင်နိုင်ငံမှာကျင်းပမဲ့ (၁၀)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲအ တွက် ရွေးချယ်သွားမှာဖြစ်ပြီး ကစားသမားများကိုလည်း UAE နိုင်ငံမှာ စခန်းသွင်းလေ့ကျင့်စေမှာဖြစ်ပါတယ်။အကြိမ်(၃၀)မြောက်မြန်မာတစ်နိုင်ငံလုံးဆိုင်ရာမသန်စွမ်းသူများအားကစားပြိုင်ပွဲနဲ့(၁၅)ကြိမ်မြောက် ဥာဏ်ရည်မမှီအားကစားပြိုင်ပွဲကို ဒီဇင်ဘာလ (၅)ရက်ကနေ စတင်ကျင်းပနေတာဖြစ်ပြီး နောက်ဆုံးပြိုင်ပွဲ ပိတ်ပွဲနဲ့ဆုပေးပွဲကို ဒီဇင်ဘာလ (၉)ရက်မှာ ကျင်းပသွားမှာဖြစ်ပါတယ်။
