ကရင်ပြည်နယ် ဘားအံမြို့ရှိ အထင်ကရနေရာတစ်ခုဖြစ်တဲ့ သမိုင်းဝင် ဆဒ္ဒန်လှိုဏ်ဂူတော်ကို ပြည်တွင်းကဘုရားဖူးဧည့်သည်တွေ အများဆုံးလာရောက်ကြတယ်လို့သိရပါတယ်။သမိုင်းဝင်ဆဒ္ဒန်လိုဏ်ဂူဟာ ကရင်ပြည်နယ်မှာ တိုးလျှိုပေါက်ဂူ၊ ဂူပေါက်ဝအကျယ်ဆုံးနဲ့ ဂူအတွင်းအလျားအရှည်ဆုံးဖြစ်ပြီး သဘာဝ ကျောက်ဆောင်ကျောက်တုံးများ၊ သဘာဝတိုင်းဖြစ်ပေါ်နေတဲ့ ထူးဆန်းအံ့သြဖွယ်ရာကျောက်စက်ပန်းဆွဲများ၊ ဗုဒ္ဓယဉ်ကျေးမှု ဆိုင်ရာရှေးဟောင်းအမွေအနှစ်ပစ္စည်းများကိုတွေ့ရှိရပြီး ဘုရားလောင်းဆဒ္ဒန်ဆင်မင်းရဲ့ ဘ၀ဖြစ်စဉ်အဆင့်ဆင့်ကို တွေ့မြင် နိုင်တာကြောင့် ဘုရားဖူးလာရောက်သူတွေများပြားတာဖြစ်တယ်လို့ ဆဒ္ဒန်လှိုဏ်ဂူတော်ဂေါပကအဖွဲ့မှ   ဦးမောင်ရွှေ ကအခုလိုပြောပါတယ်။ 

အခုလို သမိုင်းဝင်ဆဒ္ဒန်လှိုဏ်ဂူတော်ကိုလာရောက်လည်ပတ်ရာမှာ  ပြည်တွင်းကဧည့်သည်တွေသာ အများဆုံးလာရောက်လေ့လာကြတာကိုတွေ့ရပေမယ့်  ပြည်ပနိုင်ငံခြားသားများ လာရောက်မှုကတော့ နည်းပါးတယ်လို့ ဆဒ္ဒန်လှိုဏ်ဂူတော်ဂေါပက အဖွဲ့မှ  ဦးမောင်ရွှေ ကအခုလိုပြောပါတယ်။

ဆဒ္ဒန်လှိုဏ်ဂူတော်ဟာ ဇွဲကပင်တောင်နဲ့ ဆက်စပ်နေပြီး ဂူပေါက်ဝဟာ မြေပြင်မှအမြင့်ပေ(၅၀)ခန့်ရှိပြီး ဂူကြီးထဲမှာ လျောင်းတော်မူဘုရား၊ တင်ပလ္လင်ခွေဘုရား၊ နှစ်ကျိပ်ရှစ်ဆူရုပ်ပွားတော်များ၊ ကိုးတောင်ပြည့်ရှေးဟောင်းသမိုင်းဝင်စေတီင်္တော်များနဲ့ သမိုင်းဖြစ်စဉ်ရုပ်တုများကိုတွေ့ရှိရမှာဖြစ်ပြီး ဂူရဲ့အနောက်ဘက်မှာတော့ သဘာဝရေအိုင်ကြီးရှိတာကြောင့် လာရောက်လည်ပတ်ကြတဲ့ ခရီးသွားဧည့်သည်တွေက လှေစီးပြီးမှ အပေါက်ဝကို ပြန်ထွက်ကြတယ်လို့သိရပါတယ်. ကရင်ပြည်နယ် ဘားအံမြို့ရှိ သမိုင်းဝင်ဆဒ္ဒန်လှိုဏ်ဂူတော်ကိုလာရောက်လည်ပတ်ကြတဲ့ ပြည်တွင်းကခရီးသွားဧည့်သည်တွေကို ၀င်ကြေးအခမဲ့ သတ်မှတ်ထားပြီး ပြည်ပနိုင်ငံမှ ဧည့်သည်တွေကိုတော့ တစ်ဦးကို ငွေကျပ် တစ်ထောင် သတ်မှတ်ထားတယ် လို့သိရပါတယ်။ 

 

Related News