" Forever Group အနေနဲ့ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ (၁၄)ရက်မှ (၂၀)ရက်အထိ Forever Group Green Week ဆိုတဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပေးလှုံ့ဆော်မှုများကို စီစဉ်တင်ဆက်ပေးမယ့် ရက်သတ္တပတ်အဖြစ် သတ်မှတ်ထားပါတယ်။ Forever Group Green Week ပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ ကျွန်ုပ်တို့ချစ်တဲ့ မြန်မာနိုင်ငံနဲ့ ကမ္ဘာမြေကြီး လှပသန့်ရှင်းစေဖို့အတွက် အမှိုက်များစနစ်တကျ စွန့်ပစ်ဖို့နဲ့ တစ်ခါသုံး ပလတ်စတစ်များ သုံးစွဲမှုလျှော့ချရေးကို အတူတကွပါဝင်လုပ်ဆောင်ရန်အတွက် တိုက်တွန်းလှုံ့ဆော်သော Campaign ပဲဖြစ်ပါတယ်။ 

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၃)မှာရှိတဲ့ နောက်ဖေးလမ်းကြားတွေကို ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ ရပ်ကွက်နေပြည်သူတွေနဲ့ ဒို့အိမ်အဖွဲ့တို့ ပူးပေါင်းပြီး ပြည်သူတွေ အပန်းဖြေနားနေနိုင်ဖို့အတွက် နောက်ဖေးလမ်းကြား(၆)ခုကို ပြင်ဆင်ပြီးစီးပြီဖြစ်ပါတယ်။ နွယ်နီဝင်းက တင်ဆက်ပေးမှာပါ။နောက်ဖေးလမ်းကြားကို ပြည်သူတွေအပန်းဖြေနားနေနိုင်ဖို့ အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ၊ ရပ်ကွက်နေပြည်သူတွေ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ နဲ့ဒို့အိမ်အဖွဲ့တို့ပူးပေါင်းပြီးဆွေးနွေးမှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။ နောက်ဖေးလမ်းကြားပြုပြင်ရာမှာ ရေမြောင်းတွေ၊ မိလ္လာကျင်းတွေနဲ့ စွန့်ပစ်အမှိုက်တွေကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ယူရှင်းလင်းပြီး ကွန်ကရစ် ခင်းတာတွေကိုလည်း လုပ်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။ဒို့အိမ်အဖွဲ့နဲ့ ရပ်ကွက်နေပြည်သူတွေကတော့ နံရံတွေရှိ အမှိုက်တွေကို ရှင်းလင်းပြီး အောက်ခံဆေးသုတ်တာ၊ ပန်းချီဆွဲတာ အရှိတဲ့ အလှဆင်မှုအပိုင်းကို လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ဒို့အိမ်အဖွဲ့ နဲ့ ပူးပေါင်းပြီး အလှဆင်ထားတဲ့ နောက်ဖေးလမ်းကြားက(၆)ခုထိရှိနေပြီး နောက်ထပ် နောက်ဖေးလမ်းကြား(၄)ခု ကို ဆက်လက်အလှဆင်သွားဖို့ ရှိတယ်လို့ ဒို့အိမ်အဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အလှဆင်ပြီးနောက်ဖေးလမ်းကြားတွေရှိ ရပ်ကွက်နေပြည်သူတွေကတော့ အမှိုက်မပစ်အောင် ထိန်းသိမ်းခြင်း၊ ရေညှိတိုက်ခြင်း၊ ပန်းပင် ရေလောင်းခြင်း၊ အမှိုက်လှဲခြင်းစတာတွေကို အလှည့်ကျလုပ်ဆောင်နေတယ်လို့သိရပါတယ်။ နောက်ဖေးလမ်းကြားအလှဆင်ပြီး လမ်းတွေ မှာတော့ နောက်ဖေးလမ်းကြားအတွင်း အမှိုက်မပစ်ဖို့ ပူးပေါင်းပါဝင်လာကြတဲ့သူတွေရှိသလို လက်ရှိအချိန်အထိ အမှိုက်ပစ်ချနေတဲ့သူတွေ ရှိနေသေးတယ်လို့ ပန်းဘဲတန်းမြို့နယ်၊ အမှတ်(၁၀) ရပ်ကွက် အုပ်ချုပ်ရေးမှူး ကပြောပါတယ်။ရပ်ကွက်နေပြည်သူတွေကတော့ အရင်ကနောက်ဖေးလမ်းကြားမှာ အမှိုက်တွေ၊ မိုးတွင်းကာလဆိုရေလျှံတာတွေ၊ မိလ္လာပိုက်ပေါက်တာ တွေရှိခဲ့ပြီး အခုလိုနောက်ဖေးလမ်းကြားကိုအလှဆင် ပြုပြင်ပေးနေတာကြောင့် သန့်ရှင်းမှုရရှိပြီး လေကောင်းလေသန့်ရရှိတယ်လို့ ပြောပါတယ်။ဒီနောက်ဖေးလမ်းကြားပြင်ဆင်မှုကိုတော့ ဒို့အိမ်အဖွဲ့က (80)ရာခိုင်နှုန်း၊ လမ်းနေပြည်သူတွေက (20)ရာခိုင်နှုန်းထည့်ဝင်ပြီး လုပ်ဆောင် ထားတာဖြစ်ပါတယ်။
 

Related News