စနစ်ကျတဲ့ကျောင်းကားစနစ်ဖြစ်ပေါ်လာရေးအတွက်ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ဇန်န၀ါရီလ(၁၆)ရက်ကပြုလုပ်ခဲ့တဲ့ YBS (၂)နှစ်ပြည့်အခမ်းအနားမှာ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းကပြောကြားခဲ့ပါတယ်။ 

ကျောင်းကားကုမ္ပဏီပြန်လည်ထူထောင်ဖို့အတွက် ကျောင်းကားနဲ့ပတ်သက်ပြီး YRTA က ပုဂ္ဂလိကဏ္ဍနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ကြိုးပမ်းခဲ့ပါတယ်။ဒီကျောင်းကားစနစ်ကို YRTA က ပူးပေါင်းပါဝင်ကူညီပြီး  အများပိုင်ကုမ္ပဏီတစ်ခုလုပ်ချင်ပေမယ့် YRTA ကနေဦးစီးဝင်ရောက်လုပ်ကိုင်တာမျိုး မဖြစ်ချင်ဘူးလို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကပြောပါတယ်။

စနစ်ကျတဲ့ ကျောင်းကားစနစ်ကို  လာမယ့် စာသင်နှစ် ဇွန်လပိုင်းမှာ အကောင်းဆုံးလုပ်ပေးနိုင်အောင် ဆောင်ရွက်သွားမယ်လို့သိရပါတယ်။ အခုလုပ်ဆောင်သွားမယ့် ကျောင်းကားတွေမှာ ကလေးတွေအတွက် လုံခြုံမယ့်အခြေအနေမျိုးနဲ့ စီးနင်းနိုင်အောင်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ဒီကျောင်းကားစနစ်ကို မလုပ်နိုင်ရင်တော့ ကျောင်းသူကျောင်းသားတွေအပါအ၀င် သယ်ယူပို့ဆောင်ရေးကဏ္ဍမှာလည်း အခက်အခဲဖြစ်စေနိုင်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း ကပြောပါတယ်။

ကျောင်းကားစနစ်ကို အမြတ်အစွန်းမပါဘဲ  ဈေးနှုန်းကအစ တတ်နိုင်သလောက်လျှော့ချပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ YRTA က  ပြေးဆွဲပေးဖို့ပြင်ဆင်ထားတဲ့ ကျောင်းကားအစီးရေ(၂၀၀)ပေါ်မှာလုပ်ဆောင်ဖို့ အတွက်လည်း မူဝါဒချမှတ်ပြီးဖြစ်တယ်လို့သိရပါတယ်။YRTA နဲ့ပုဂ္ဂလိက ကဏ္ဍတို့ ပူးပေါင်းတဲ့ ကျောင်းကားစနစ်ဆောင်ရွက်ရာမှာ  တတ်နိုင်သလောက်ပုဂ္ဂလိက ကဏ္ဍကလူတွေဆောင်ရွက်နိုင်တဲ့ အခြေအနေမျိုးဖြစ်အောင် ကူညီသွားမယ်လို့သိရပါတယ်။ 

 

 

Related News