မြန်မာ-ဂျပန်ဂီတပွဲတော် ကို ဂျပန်နိုင်ငံဂီတပညာရှင် မစ္စတာ ယာမာမိုတို Mr. Yamamoto ကဦးဆောင်ပြီး ဇန်နဝါရီလ(၁၈)ရက်က ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံမှာကျင်းပခဲ့တာဖြစ်ပါတယ် ။ မြန်မာ-ဂျပန်ဂီတပွဲတော်ကိုကျင်းပရတာက မြန်မာနဲ့ဂျပန် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုရရှိစေပြီး နိုင်ငံတော်သံစုံတီးဝိုင်းရဲ့စွမ်းဆောင်ရည်နဲ့ ဖျော်ဖြေတီးခတ်နိုင်စွမ်းကို မြှင့်တင်ပေးရန် စတဲ့ရည်ရွယ်ချက်တွေနဲ့ကျင်းပတာဖြစ်တယ်လို့ သိရပါတယ်။

မြန်မာ- ဂျပန်ဂီတပွဲတော်မှာရန်ကုန်တိုင်မစ္စတာယာမာမိုတိုနဲ့ နိုင်ငံတော်သံစုံတီးဝိုင်းအဖွဲ့နေရာယူခြင်း၊ နိုင်ငံတော်သံစုံတီးဝိုင်းအဖွဲ့တို့မှ စတင်တီးခတ်ဖျော်ဖြေခြင်း၊ဖျော်ဖြေပွဲပြီးဆုံးချိန်မှာနိုင်ငံတော်သံစုံတီးဝိုင်းအဖွဲ့မှ ဂီတပညာရှင်လေးဦးကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဂုဏ်ပြုပန်းစည်းများချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

မြန်မာ- ဂျပန်ဂီတပွဲတော်ကိုရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုး ၊ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံ အမတ်ကြီး နဲ့ ဂျပန်အဖွဲ့အစည်းများမှတာဝန်ရှိသူများတက်ရောက်ခဲ့ပါတယ်။ မြန်မာ-ဂျပန် ဂီတပွဲတော်ကိုပြုလုပ်တာဟာ ငါးကြိမ်မြာက်ရှိပြီဖြစ်ပြီး လာမယ့် ဇန်နဝါရီလ (၂၃)ရက်မှာလည်း နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ(၂)မှာမြန်မာ-ဂျပန် ဂီတပွဲတော်ကို ပြုလုပ်သွားမယ်လို့သိရပါတယ်။

 

 

Related News