သာမန်သန်စွမ်းသူတွေနည်းတူ ထူးခြားတဲ့ စွမ်းရည်တွေကို ပိုင်ဆိုင်ထားတဲ့သူကတော့ မမေဇင်အောင်ဘဲ ဖြစ်ပါတယ်။ သူမဟာ လက်နှစ်ဖက်မရှိပေမယ့် ခြေထောက်နဲ့ အရာရာကို ဆောင်ရွက်နိုင်တာ သူမရဲ့ထူးခြားချက်လို့ဆိုရမှာဖြစ်ပါတယ်။ မမေဇင်အောင်ဟာ pinky maymay  လို့အမည်ပေးထားတဲ့ အွန်လိုင်းရှော့ပင်းpage ကိုတည်ထောင်ထားတဲ့လူတစ်ဦးဖြစ်ပါတယ်။ ယခင်က ရွှေမင်းသားဖောင်ဒေးရှင်းမှာ အလုပ်လုပ်ကိုင်ခဲ့ဘူးပါတယ်။ ကိုယ်ဝန်ဆောင်ပြီး ကလေးမီးဖွားချိန်မှာတော့ ရွှေမင်းသားဖောင်ဒေးရှင်းကနေထွက်ခဲ့ပြီး ကိုယ်ပိုင်အလုပ်ကို စတင်လုပ်ခဲ့တယ်လို့ မမေဇင်အောင်က ဆိုပါတယ်။အွန်လိုင်းရှော့ပင်းလုပ်ငန်းအပြင် အခုချိန်မှာတော့ လက်ကိုင်အိတ် ဖုန်းအိတ်ထိုးနည်းတွေကို သင်ယူခဲ့ပြီး ပြန်လည်ရောင်းချနိုင်နေပြီဖြစ်ပါတယ်။

လက်ကိုင်အိတ်ထိုးနည်းကို စတင်သင်ယူတဲ့အခါမှာ အခက်အခဲတွေများစွာရှိခဲ့ပေမယ့် အရှုံးမပေးဘဲ လုပ်နိုင်ရမယ့်စိတ်တစ်ခုကိုထည့်သွင်းပြီး သင်ယူခဲ့တာကြောင့် အခုချိန်မှာတော့ အိတ်တွေကို ပိုင်ပိုင်နိုင်နိုင်ထိုးလာနိုင်ခဲ့တာလို့ မမေဇင်အောင်က ပြောပါတယ်။မမေဇင်အောင်ဟာ သာယာပျော်ရွှင်တဲ့ အိမ်ထောင်တစ်ခုကိုထူထောင်ထားပြီး ချစ်စရာသမီးကလေးတစ်ယောက်ကိုလည်းပိုင်ဆိုင်ထားပါတယ်။ အခုအချိန်မှာတော့ဇနီးမောင်နှံနှစ်ယောက်အတူလက်တွဲပြီး Online Shop အတွက် ပစ္စည်းရောင်းတာအပြင် Delivery ကိုပါ လုပ်ပေးပြီး ဝန်ဆောင်မှုအပြည့်ပေးနေကြောင်း သိရပါတယ်။

 

 

Related News