ဂျုံကို မြန်မာ့လက်မှုပညာနဲ့ကလေးတွေအကြိုက် ကစားစရာဖန်တီးမှုတွေရှိလာပြီး ဒီကစားစရာအရုပ်တွေကို ကလေးတွေကလည်း ကြိုက်နှစ်သက်မှု ပိုမိုများပြားလာတယ်လို့ သိရပါတယ်။
ကိုဇော်မင်းဟာ ကလေးကစားစရာအရုပ်တွေကို ဖန်တီးသူတစ်ဦးပါ။ သူဖန်တီးတာက ဂျုံနဲ့ပြုလုပ်ဖန်တီးရတဲ့ ကလေးကစားစရာအရုပ်တွေပါ။ ဒီလိုဖန်တီးဖြစ်တာက ဖခင်ဖြစ်သူရဲ့ ပညာအမွေပေးခဲ့မှုကြောင့်လို့ သိရပါတယ်။ကိုဇော်မင်းအနေနဲ့ လွန်ခဲ့တဲ့(၆)နှစ်ခန့်ကစပြီး ကလေးကစားစရာအလှအရုပ်တွေကို ဖန်တီးခဲ့တာပါ။ သူပထမဦးဆုးံဖန်တီးဖြစ်တာက အာရားရားဂျင်ဆင်းအရုပ် ၊ကိုရီယားနာမည်ကြီး အဆိုတော် psy ရဲ့ နာမည်ကြီးသီချင်း အိုပါးဂန်းနားစတိုင်ရဲ့ဇာတ်ကောင်အရုပ်တွေကိုပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

ယခင်က အရုပ်လုပ်တာ ကျွမ်းကျင်မှုမရှိသေးတာကြောင့် သူ့အရုပ်တွေကို ကလေးတွေကြိုက်နှစ်သက်မှုနည်းခဲ့ပြီး အခက်အခဲတွေရှိခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် မခံချင်တဲ့စိတ်တစ်ခုနဲ့ကြိုးစားလာခဲ့တဲ့အတွက် အခုအချိန်မှာတော့ သူဖန်တီးတဲ့အရုပ်တွေကို ကလေးတွေကြိုက်နှစ်သက်မှုရရှိနေပြီး မိသားစုစားဝတ်နေရေးပြေလည်တဲ့အထိဝင်ငွေ တစ်ခုရရှိနေပြီဖြစ်တယ်လို့ ကိုဇော်မင်းကပြောပါတယ်။ကိုဇော်မင်းဟာ ဂျူံအရုပ်ပြုလုပ်ရာမှာ ကျွမ်းကျင်တဲ့အတွက် ခင်မင်ရင်းနှီးသူတွေက ဂျုံမင်းသားလို့လည်း ခေါ်ကြပါတယ်။ ဂျုံအရုပ်တစ်ခုပြုလုပ်ဖို့အတွက် ဂျူံကိုရေနွေးနဲ့ကြိုကာ အရောင်စပ်ပြီး ကိုယ်လိုချင်တဲ့အရုပ်ပုံစံ ပြုလုပ်ရတာပါ။

အဲဒီလိုပြုလုပ်ပြီး အဆင်သင့်ဖြစ်ပါက လူစည်ကားတဲ့ကျောင်းတွေ၊ ကလေးတွေများများရှိနိုင်မယ့်နေရာတွေကို ရှာဖွေပြီးသွားရောက်ရောင်းချရပါတယ်။ ။ဒီလိုဖန်တီးနိုင်ဖို့ ကာတွန်းကားကြည့်တာတွေပြုလုပ်ပြီး ကလေးတွေကြိုက်မယ့်ဇာတ်ကောင်တွေကို အမြဲမပြတ်လေ့လာနေရတယ်လို့ ကိုဇော်မင်းကပြောပါတယ်။ကိုဇော်မင်းဟာ ဂျုံဖြင့် ဖန်တီးတဲ့လက်ရာတွေကို ရောင်းချရုံမကပဲ ပြိုင်ပွဲတွေအထိ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ် ။ကိုဇော်မင်းဝင်ရောက်ယှဉ်ပြိုင်ဖြစ်ခဲ့တာက MYANMARS GOT TALENT  2017 ဖြစ်ပြီး နောက်ဆုးံဖိုင်နယ်အဆင့်အထိ တက်ရောက်နိုင်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။

ဒီပြိုင်ပွဲမှာဆုမရရှိခဲ့ပေမယ့် သူ့ရဲ့တင်ဆက်မှုကိုကြိုက်နှစ်သက်လို့ ဆုချီးမြှင့်ချင်းခံခဲ့ရပါတယ်။ ပြိုင်ပွဲအတွက် နေ့စဉ်ဈေးရောင်းချတဲ့အလုပ်ကိုရပ်ထားခဲ့ရပြီး လေ့ကျင့်ခဲ့ရတဲ့အချိန်တွေဟာ သူ့အတွက်အရမ်းခက်ခဲခဲ့တယ်လို့ ကိုဇော်မင်းကပြောပါတယ်။ကိုဇော်မင်းအနေနဲ့ဂျုံဖြင့်ပြုလုပ်ရတဲ့ ကလေးကစားစရာအရုပ်တွေကို အသက်အရွယ်ကြီးတဲ့အထိ လုပ်ကိုင်သွားမှာဖြစ်ပြီး သူ့ရဲ့မျိုးဆက်ဖြစ်တဲ့ သမီးဖြစ်သူကိုလည်း ပညာအမွေပေးသွားဖို့ရှိတယ်လို့ သိရပါတယ်။ ဂျုံနဲ့ဖန်တီးရတဲ့ကစားစရာအရုပ်တွေဟာ ကလေးတွေရှိနေသရွေ့ တွင်ကျယ်နေဦးမှာဖြစ်တယ်လို့ ကိုဇော်မင်းက ယုံကြည်ထားပါတယ်။

 

 

Related News