မန္တလေး ရတနာပုံတက္ကသိုလ်မှာ (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ပွဲအဖြစ် တိုင်းရင်းသားရိုးရာ ၀တ်စား ဆင်ယင်ပြပွဲနှင့် ပြည်ထောင်စုပဒေသာကပွဲကို ဖေဖော်ဝါရီလ (၈) ရက်ကပြုလုပ်ခဲ့တာဖြစ်ပါတယ်။မန္တလေးရတနာပုံတက္ကသိုလ်မှာ(၇၂) နှစ်မြောက် ပြည်ထောင်စုနေ့အကြိုအဖြစ်တိုင်းရင်းသားရိုးရာဝတ်စားဆင်ယင်ပြပွဲ နှင့် ပြည်ထောင်စုပဒေသာကပွဲပြုလုပ်ရတာဟာ ကျောင်းသားကျောင်းသူတွေရဲ့ ရင်ထဲမှာ ပြည်ထောင်စုစိတ်ဓာတ် အစဉ်ခိုင် မြဲနေဖို့၊ တိုင်းရင်းသားကျောင်းသား၊ကျောင်းသူတွေအနေနဲ့လည်း မိမိတို့ရဲ့ တိုင်းရင်သားရိုးရာဓလေ့တွေကို ဖော်ထုတ်ကာ ရိုးရာဝတ်စားဆင်ယင်မှုယဉ်ကျေးမှုတွေကိုတန်ဖိုးထားစေဖိုနဲ့ တိုင်းရင်းသားကျောင်းသား၊ ကျောင်းသူတွေ အချင်းအချင်း စည်းလုံးညီညွတ်ကြစေဖို့အတွက်ရည်ရွယ်ပြီးကျင်းပတာဖြစ်တယ်လို့ မန္တလေး၊ ရတနာပုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမောင်မောင်နိုင်က ပြောပါတယ်။

ဒါ့အပြင် (၇၂) နှစ်မြောက် ပြည်ထောင်စုနေ့အကြိုအထိမ်းအမှတ်တိုင်းရင်းသားရိုးရာပဒေသာကပွဲကိုလည်း မန္တလေးရတနာ ပုံတက္ကသိုလ် အနုပညာအသင်းကကြီးမှူးပြီး နှစ်စဉ်နှစ်တိုင်းကျင်းပပြုလုပ်ပေးတာဖြစ်တယ်လို့ သိရပါတယ်။ တိုင်းရင်းသားရိုးရာဝတ်စားဆင်ယင်ပြပွဲနှင့် ပြည်ထောင်စုပဒေသာကပွဲမှာ ရတနာပုံတက္ကသိုလ်ရှိ ဌာနအသီးသီးက မေဂျာအစုံ၊ ဘာသာအစုံက ကျောင်းသားကျောင်းသူတွေ ပါဝင်ခဲ့ကြတာဖြစ်ပြီး တိုင်းရင်းသားဝတ်စားဆင်ယင်မှုပြပွဲ၊ ပြည်ထောင်စုပဒေသာကပွဲနဲ့ ဖျော်ဖြေရေးအစီအစဉ်တွေကို ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။မန္တလေးရတနာပုံတက္ကသိုလ်ဟာအထက်မြန်မာပြည်မှာအကြီးဆုံးတက္ကသိုလ်တစ်ခုဖြစ်ပြီးလက်ရှိမှာကျောင်းသားကျောင်းသူ စုစုပေါင်း (၆)သောင်းကျော်တက်ရောက်ပညာသင်ကြားနေကြတာဖြစ်တယ်လို့သိရပါတယ်။

 

Related News