(၂၀၁၉)ခုနှစ်မှာ လေထုထဲ ကာဗွန်ဒိုင်အောက်ဆိုဒ်ပါဝင်တဲ့ ပမာဏဟာ အများဆုံးဖြစ်လာနိုင်ပြီး အဲဒီလိုဖြစ်ရတာက ရာသီဥတု ပြောင်းလဲမှုတွေနဲ့ သစ်ပင်တွေကြီးထွားမှုနည်းလာတာကြောင့်လို့ သိပ္ပံပညာရှင်တွေကပြောပါတယ်။ အခု(၂၀၁၉)ခုနှစ်မှာ ကမ္ဘာ့လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုဒ်ပမာဏဟာ အများဆုံးပမာဏနဲ့မြင့်တက်မှုတွေထဲက တစ်ခုအ နေနဲ့ မြင့်တက်လာနိုင်တယ်လို့ ဗြိတိန်အမျိုးသားမိုးလေ၀သ၀န်ဆောင်မှု သုတေသီတွေကခန့်မှန်းနေပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအ တွင်းမှာ အပူပိုင်းပစိဖိတ်ဒေသတွေအခု(၂၀၁၉)ခုနှစ်မှာလိုပဲ ပိုပူလာသလို သစ်ပင်တွေနဲ့ တခြားအပင်တွေဟာလည်းကြီး ထွားမှုနည်းလာတာကြောင့် လေထုထဲက ကာဗွန်အောက်ဆိုဒ်တွေကို သစ်ပင်တွေ စုပ်ယူပေးတဲ့ ပမာဏကလည်း အနည်းငယ် သာရှိပါတော့တယ်။

ဒီရလဒ် တွေကြောင့် ပြီးခဲ့တဲ့(၂၀၁၈)ခုနှစ်ကထက် (၂၀၁၉)ခုနှစ်မှာ ကာဗွန်ဒိုင်အောက်ဆိုဒ်ပိုများလာတာ တွေ့ရလိမ့်မယ်လို့ သိပ္ပံပညာရှင်တွေကပြောပါတယ်။ ကမ္ဘာ့လေထု အတွင်း အချက်အလက်မှတ်တမ်းတင်မှုစတင်ကတည်းက ကာဗွန်ဒိုင်အောက်ဆိုဒ်ပါဝင်မှု (၃၀)ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး အဲဒီလိုဖြစ်ရတာက လောင်စာဆီတူးဖော်မှုတွေနဲ့ တောပြုန်းမှု တွေကြောင့်လို့လည်းပြောပါ တယ်။ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူပေးမယ့်သစ်ပင်တွေလျော့နည်းလာတဲ့အတွက် မြေဆီလွှာ နဲ့ ပင်လယ်တွေရဲ့တစ်ဝက်နီးပါးဟာ ဓာတ်ငွေ့တွေစိမ့်ဝင် နေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ အဲဒီလိုစိမ့်ဝင်နေတာတွေက ရာသီဥ တုအပေါ်လိုက်ပြီး ကွဲပြားမှုတွေရှိနိုင်ပါတယ်။ နွေရာသီမှာ သစ်ပင်တွေနဲ့ တခြားအပင်တွေကြီးထွားကြပြီး ကာဗွန် ဒိုင်အောက် ဆိုဒ်တွေကို ပိုမိုစုပ်ယူပေးနိုင်တဲ့အတွက် လေထုထဲမှာ ကာဗွန်အောက်ဆိုဒ်ပါဝင်မှုပမာဏ လျော့နည်းပေမဲ့ ဆောင်း  ရာသီမှာ တော့ သစ်ပင်တွေက သစ်ရွက်တွေ ကြွေကျကုန်ပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကို မစုပ်ယူပေးနိုင်တဲ့အတွက် လေထုထဲမှာ ကာ ဗွန်ဒိုင်အောက်ဆိုဒ်ပါဝင်မှု ပမာဏများလာပါတယ်။ 

လေထုထဲမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်ပမာဏပိုများလာရင် ရှူရှိုက်မိတဲ့လူ သားတွေကို အသက်ရှူ ကျပ်တာ၊ ခေါင်းကိုက်တာ၊ အားနည်းတာ၊ မူးဝေတာ၊ အမြင်တွေေ၀၀ါးတာနဲ့ သတိမေ့တာတွေ ဖြစ်စေနိုင်တယ်လို့ ကျွမ်းကျင်သူတွေကဖော်ပြထားပါတယ်။ လတ်တလောမှာ ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်မှာလေထု ညစ်ညမ်း မှုဖြစ်နေ ပါတယ်။ ဘန်ကောက်မြို့နဲ့ အနီးနားဝန်းကျင်ကဒေသတွေမှာ လေထုထဲမှာပါနေတဲ့သေးငယ်တဲ့အမှုန် (PM2.5) တွေပါ ၀င်မှုဟာ တဖြည်းဖြည်းပိုများလာတာကိုတွေ့နေရပြီး လာမယ့်ဖေဖော်ဝါရီ(၁၃)ရက်နဲ့ (၁၅)ရက်တို့ကြားမှာအဆိုးဆုံးဖြစ်နိုင် တယ် လို့ ထိုင်းမိုးလေ၀သဦးစီးဌာနကပြောပါတယ်။

လာမယ့်တစ်ပတ်မှာ ဖြစ်လာမယ့်လေထုညစ်ညမ်းမှုက ဒေသခံတွေရဲ့ ကျန်းမာ ရေးအတွက်အန္တရာယ်ရှိလာပြီလို့ လေထုညစ်ညမ်းမှုထိန်းချုပ်ရေးဦးစီးဌာနကသတိပေးထားပါတယ်။ အခုလိုလေ ထုညစ်ညမ်းနေ တဲ့အတွက် သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေကိုအပြင်မထွက်ဖို့လည်း သတိပေးထားတာပါ။ ဖေဖော်ဝါရီ(၁) ရက်ကနေ (၄) ရက်အထိမီးခိုးငွေ့အလွန်အကျွံမှုတ်ထုတ်နေတဲ့ ယာဉ်အစီးရေ(၈)ထောင်နီးပါးကို ရဲတပ်ဖွဲ့နဲ့ ကုန်းလမ်းပို့ဆောင် ရေးစစ်ဆေး ရေးအရာရှိတွေက ထိန်းသိမ်းခဲ့တယ်လို့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်န၀ါရီလမှာလည်း လေထု ညစ်ညမ်းမှုတွေ ကြောင့် ဘန်ကောက်မြို့က ကျောင်း(၄၀၀)ကျော်ကိုပိတ်ထားခဲ့ရပြီး လေထုသန့်စင်စေဖို့ မိုးအတုရွာတာ၊ ယာဉ် ကြောပိတ်ဆို့မှု တွေ လျော့တာနဲ့ လမ်းတွေကိုရေဖြန်းတာတွေလုပ်ဆောင်ခဲ့ပေမဲ့ ထိရောက်မှု မရှိခဲ့ပါဘူး။ လေထုထဲမှာပါနေတဲ့ အမှုန်တွေကို မရှူမိအောင် ဒေသခံတွေကနှာခေါင်းစည်းတွေဝတ်ထားကြ တဲ့အတွက် ဇန်န၀ါရီ(၃၀)ရက်မှာ ဆိုင်တွေမှာ နှာခေါင်းစည်းတွေ ပြတ်လတ်ခဲ့ပါတယ်။

 

Related News